၃၀.၉.၂၀၂၃
Written by Peya
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အသက် ၃၈ နှစ်အရွယ် အမျိုးသားက သက်ငယ်မုဒိန်းမှု ကျူးလွန်ရာ ဘုရားဖူးများက မြင်သည့်အတွက် ကျူးလွန်သူကို ဖမ်းမိခဲ့ကြောင်း ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာ ၂၉ ရက် နေ့လည် ပိုင်းက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အရှေ့မြတန်ဆောင်းတောင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“မနေ့က နေ့လယ် ၂ နာရီလောက်မှာ ဖြစ်တာပါ။ လေးနှစ်သမီးလေးတစ်ယောက် အဓမ္မကျင့်ခံရတယ်။ ကလေးက ဆိုင်ကို မုန့်ဝယ်ဖို့သွားတုန်းမှာ လမ်းကနေခေါ်သွားတယ်လို့ ပြောတယ်။ ကလေးက လက်ရှိမှာ နေကောင်းပါတယ်။ အခြေအနေကတော့ အရမ်းမဆိုးဘူး” ဟု အထက်ပါဒေသခံက ဆိုသည်။
ကျူးလွန်သူမှာ အသက် ၃၈ နှစ်အရွယ်ဖြစ်ပြီး မြောက်ဦးမြို့နယ်အတွင်းကဖြစ်ကာ မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက် အစ်မနှင့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း သိရကာ ULA/AA က ကျူးလွန်သူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရကာ ကလေးငယ်အတွက် ဆေးရုံတက်ကာ လိုအပ်သည့် ဆေးစစ်ဆေးမှုများကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ၎င်းက ဆို သည်။
“ကလေးကို အရှေမြတန်ဆောင်းတောင်က ရတယ်။ ကလေးမိဘတွေက ချို့တဲ့ကြပါတယ်။ ဖြစ်စဉ်ဖြစ်တဲ့ အချိန်မှာ ဘုရား ဖူးတွေနဲ့ တွေ့သွားတာဖြစ်လို့ ထိရောက်မှုက အရမ်းမရှိသွားဘူး ပြောရမယ်။ ဒါပေမယ့်လည်း ကလေးရဲ့အင်္ဂါစပ်မှာ သွေးထွက်တာမျိုးလို ဒဏ်ရာတွေ ရသွားပါတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။