၃၀.၉.၂၀၂၃
Written By Thandar

Artist‌ တွေဖြစ်တဲ့ အရိုး၊ ဆန်းထွဋ်နဲ့ G Latt တို့ရဲ့ “သုံးယောက်သုံးရက် ” Art Exhibition ပွဲကို စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ The Collector Art Gallery မှာ ကျင်းပခဲ့ပါတယ်။

ပန်းချီပြပွဲကို စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ Artist ၃ ယောက်လုံးရဲ့ တစ်နှစ်တာ အချိန်ယူ ပြင်ဆင်ပြီး ကြိုးစားထားတဲ့ ပြပွဲလည်းဖြစ်ပါတယ်။

“ဒီနှစ်တော့ ပြပွဲနာမည်ကို ကိုဆန်းရဲ့ idea နဲ့ “သုံးယောက်သုံးရက်” လို့ပေးထားပါတယ်။ ကျွန်တော်တို့ ၃ ယောက်ရဲ့ ပန်းချီဖန်တီး‌မှုတွေ ဘယ်လိုဖန်တီးကြတယ်ဆိုတာ မသိကြပါဘူး။ ဒီရောက်မှ တစ်ယောက်ရဲ့လက်ရာတစ်ယောက် သိရတာပါ။ ကျွန်တော်ကတော့ စက္ကူပန်းလေးတွေရဲ့ သဘာဝကို သဘောကျတယ်။ သူက ဘယ်နေရာကိုရောက်ရောက် ရောက်တဲ့နေရာမှာ အလှဆုံးပွင့်လန်းတောက်ပနေတဲ့ ပန်းချီကားရယ်၊ ရိုးရာဘုရားတွေရဲ့ တည်ရှိပုံလေးတွေကို သဘောကျလို့ ရေးဆွဲထားတာတွေ ပါပါတယ်” လို့ အဆိုတော် G Latt က MTNews Entertainment ကို ပြောပါတယ်။

အနုပညာနယ်ပယ်တစ်ခုဆီမှာ အောင်မြင်မှုကိုယ်စီရထားကြပြီးသူ သုံးယောက်ရဲ့ ပန်းချီဝါသနာကို ဖန်တီးထားတာလည်းဖြစ်ပါတယ်။ ရေဆေးနဲ့ ဆီဆေးစတာတွေနဲ့ ရေးဆွဲထားတဲ့ ပန်းချီကား ၄၀ နီးပါးကို ပြသခဲ့တာလည်းဖြစ်ပါတယ်။ မနှစ်က စက်တင်ဘာလမှာ ပထမဆုံးပြပွဲ စတင်ပြသခဲ့ပြီး ဒီနှစ်မှာ ဒုတိယမြောက်ပြပွဲ ဆက်လက်ပြသခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *