ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကကျောင်းတစ်ခု၏ မြင်ကွင်း

MT News

Written by Nyein Kyaw

ပုဂ္ဂလိကကျောင်းများအနေဖြင့် နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် ပုဂ္ဂလိကကျောင်း တည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် အသိပေးပြောကြားခဲ့သည်။

နိုင်ငံတော်အလံ လွှင့်ထူထားခြင်းနှင့် အလေးပြုခြင်းမရှိသည့် ပုဂ္ဂလိကကျောင်းများကို စောင့်ကြည့်ရန် ပညာရေးဝန်ကြီး ဌာနက စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ကွင်းဆင်းစစ်ဆေးကာ သတင်းအချက်အလက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိကအခြေခံပညာသင်ရိုးသင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် အခြေခံပညာကျောင်းများအားလုံး ကျောင်းဖွင့်ရက်၊ ကျောင်းပိတ်ရက်၊ စာမေးပွဲကျင်းပရက်များသည် နိုင်ငံတော်ကဖွင့်လှစ်သည့် ကျောင်းများနှင့် တစ်ပြေးညီ တူညီရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က အသိပေးခဲ့သည်။

အလားတူ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန်၊ မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေရန်အတွက် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင်ဘာသာရပ်များကို ဥပဒေနှင့်အညီ သင်ကြားရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအားလုံး တစ်ပြေးညီဝါတွင်းကာလ၌ ဥပုသ်ရက်နှင့် တနင်္ဂနွေနေ့တွင် ကျောင်းပိတ်ရမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က ဆက် လက်မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *