၂၈. ၈. ၂၀၂၃

Written by Min Mahar

မတ္တရာမြို့နယ်တွင် အိမ်ရှေ့၌ထိုင်နေသည့် ရာအိမ်မှူးကို PDF သုံးဦးက သေနတ်ဖြင့် ပစ်သတ်သွားမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာတွင် နေထိုင်သည့် အသက် ၆၄ နှစ်အရွယ် ရာအိမ်မှူးသည် အိမ်ရှေ့ထိုင်နေစဉ် PDF သုံးဦးသည် ပြည့်ပုံကျေးရွာဘက်မှ လမ်းလျှောက်လာကာ ရာအိမ်မှူးအိမ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း အသတ်ခံရသည့် မိသားစုဝင်တစ်ဦးပြောပြချက်အရ သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရာအိမ်မှူးတွင် ဦးခေါင်း ဘယ်ဘက်ချိုစောင်းကျည်ဖောက်ဝင်သွားပြီး ညာဘက်နားထင်ကို ကျည်ပြန်ဖောက်ထွက်သွားသောဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ရင်အုံ ကျည်ဖောက်ဝင်သွားပြီး နောက်ကျောကျည်ဖောက်ထွက်သည့်ဒဏ်ရာ ၁ ချက်နှင့် ဘယ်ဘက်လက်မောင်းကျည်ဖောက်ဝင်၍ ပြန် ဖောက်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုပြုလုပ်ပြီး အခင်းဖြစ်ရာအနီးမှ Lugar တံဆိပ်ပါ ကျည်ခွံ ၆ ခုတို့ကို သိမ်းဆည်းရရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *