ပျက်ကျခဲ့သော အမေရိကန်စစ်လေယာဥ်အမျိုးအစားယာဥ်တစ်စီးကို တွေ့ရစဥ်

၂၇.၈.၂၀၂၃

Translated by Htwe Ko Tun

အမေရိကန် မရိန်းတပ်ဖွဲ့မှ ထောင့်မှန်ကျကျတက်ဆင်းနိုင်သော Bell Boeing Osprey စစ်လေယာဉ်တစ်စီးက သြစတြေးလျနိုင်ငံမြောက်ပိုင်း မယ်လ်ဗီးလီးကျွန်းပေါ်တွင် နိုင်ငံစုံပါဝင်သော စစ်ရေးလေ့ကျင့်မှုတစ်ရပ်၌ ပါဝင်လေ့ကျင့်နေစဉ် သြဂုတ်လ ၂၇ ရက် နံနက် ၉ နာရီခွဲခန့်က ပျက်ကျခဲ့သော ကြောင့် မရိန်းတပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း အမေရိကန်မရိန်းတပ် တာဝန်ရှိသူများက ပြောခဲ့ကြသည်။

လေယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၂၃ ဦးလိုက်ပါလာရာ ဒဏ်ရာရသူများအနက် ငါးဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း အတည်ပြုသတင်းများကဆိုသည်။ Osprey စစ်လေယာဉ်ပျက်ကျရာနေရာနှင့် မိုင် ၅၀ အကွာရှိ ဒါဝင်မြို့ဆေးရုံသို့ ထိခိုက်ဒဏ်ရာရသူများအားသယ်ဆောင်သွားခဲ့ရသည်။

ပျက်ကျခဲ့သောလေယာဉ်က ထိုနေ့နံနက်တွင် ဒါဝင်မြို့မှ မယ်လ်ဗီးလီးသို့ ပျံသန်းသွားခဲ့သော လေယာဉ်နှစ်စီးအနက် တစ်စီးဖြစ်သည်။ ဒါဝင်မြို့၌ လက်ရှိတွင် အမေရိကန် မရိန်းတပ် သား ၁၅၀ ခန့် အခြေချလျက်ရှိသည်။

အမေရိကန်စစ်တပ်က ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် အခြားစစ်ရေးလေ့ကျင့်မှုတစ်ခု၌လည်း ပါဝင်ခဲ့ကြသေးပြီး ထိုစစ်ရေးလေ့ကျင့်မှုတွင် သြစတြေးလျနိုင်ငံအရှေ့မြောက်ကမ်းခြေ၌ MRH-90 Taipan ရဟတ်ယာဉ် တစ်စီးပျက်ကျ၍ သြစတြေးလျစစ်ဖက်မှ လေးဦးသေဆုံးခဲ့သေးသည်။

Ref—ABC

Leave a Reply

Your email address will not be published. Required fields are marked *