၂၇. ၈. ၂၀၂၃

Written by Nay Aung

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်ရန် စီစဉ်နေပြီး မြန်မာလေကြောင်းလိုင်းဖြစ်သော Myanmar Airways International ကို မန္တလေး- Novosibirsk -မန္တလေးမြို့သို့ လေကြောင်း တိုက်ရိုက်ပျံသန်းပြေးဆွဲရန် ခွင့်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရုရှားနှင့် မြန်မာနိုင်ငံကြား လေကြောင်းပျံသန်းပြေးဆွဲမှုများကို လာမည့် စက်တင်ဘာ ၅ ရက်နေ့တွင် A319 အမျိုးအစားလေယာဉ်ဖြင့် သီတင်းပတ်တစ်ပတ်ကို နှစ်ကြိမ်နှုန်းဖြင့် ပျံသန်းပြေးဆွဲဖွယ်ရှိနေကြောင်း သိရသည်။ ရုရှားနှင့် မြန်မာနိုင်ငံကြား လေကြောင်းပျံသန်း ပြေးဆွဲမှု ပြန်လည်လုပ်ဆောင်ခြင်းသည် နှစ်နိုင်ငံစလုံးအတွက် နောက်ထပ်အခွင့်ရေးကောင်းများရရှိမည်ဖြစ်သလို မြန်မာနိုင်ငံသို့ စီးပွားရေးသွားရောက်လုပ်ကိုင်လိုသူများ၊ သွားရောက်လည်ပတ်လိုသူများနှင့် ပုဂ္ဂိုလ်ရေးကိစ္စများ သွားရောက်လုပ်ကိုင်လိုသူများအတွက် ပိုမိုအဆင်ပြေဖွယ်ရှိနေကြောင်းသိရသည်။

This image has an empty alt attribute; its file name is 371311948_168693282914821_7959308546712572391_n.jpg

ရုရှားနှင့် မြန်မာနိုင်ငံလေကြောင်း အာဏာပိုင်များသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက မော်စကိုမြို့တွင် ဆွေးနွေးတိုင်ပင်ခဲ့ပြီးနောက် လာမည့်စက်တင်ဘာလတွင် နှစ်နိုင်ငံကြားလေကြောင်းပျံသန်းပြေးဆွဲမှုများစတင်တော့မည်ဖြစ်ကြောင်းသိရသည်။ ရုရှားသည် မြန်မာနိုင်ငံနှင့်လေကြောင်းပျံသန်းပြေးဆွဲမှုများကို ၁၉၆၂ခုနှစ် နောက်ပိုင်းတည်းက Aeroflot လေယာဉ်များဖြင့် ရုရှားနှင့် ရန်ကုန်မြို့ကြားပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်ခဲ့ဖူးပြီး ၁၉၉၃ ခုနှစ်တွင် ရပ်တန့်သွားခဲ့ကြောင်း သိရသည်။ လေကြောင်းပျံသန်းပြေးဆွဲမှုပြန်လည်လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံနှင့် Novosibirsk မြို့ကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် ရုရှားနှင့်မြန်မာနိုင်ငံသားခရီးသွားများ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာဖွယ်ရှိနေကြောင်း သိရသည်။

Ref—rustourismnews.

Leave a Reply

Your email address will not be published. Required fields are marked *