၂၇. ၈. ၂၀၂၃

Written by Thettant

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ ရာထူးတာဝန်အား ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးတာဝန်ပေးအပ်ကြောင်းနှင့် ယူနိုက်တက် အမရာ ဘဏ် UAB အား စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း social media ပေါ်တွင် အကြမ်းဖက်အားပေး မီဒီယာအချို့ မှ ဖော်ပြနေမှုနှင့် ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် သတင်းတု၊ သတင်းမှားများသာ ဖြစ်ကြောင်း နစက၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် အသိပေးထားသည်။

အလားတူ UAB ဘဏ်ကလည်း UAB ဘဏ်တွင် ဗိုလ်ချုပ်ကြီးမိုးအောင် ရှယ်ယာပါဝင်မှုမရှိသလို ဒေါ်လာကိစ္စရပ်များကြောင့် စစ်ဆေးခံနေရသည်ဆိုသော သတင်းမှာလည်း မှားယွင်းကြောင်း ဖြေရှင်းချက် ယနေ့ထုတ်ပြန်ထားပြီး UAB(United Amara Bank) ဘဏ်နှင့်ပတ်သက်၍ မမှန်သတင်းလွှင့်မှုများ တရားဥပဒေအတိုင်း အရေးယူမည်ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News