ဘန်ကောက်မြို့မှ ဆန်ရောင်းချသူတစ်ဦးကို တွေ့ရစဥ်

၂၇.၈.၂၀၂၃

Translated by Htwe Ko Tun

ဒေသတွင်းဆန်တင်ပို့သည့်နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံကလည်း အိန္ဒိယနိုင်ငံကဲ့သို့ပင် ပြည်ပဆန်တင်ပို့မှုကို နှစ်လကြာ ပိတ်ပင်ထားခဲ့ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းကလည်းမြင့်တက်လျက်ရှိကာ ထိုင်းနိုင်ငံတွင် ဆန်ဈေးနှုန်းများက တစ်တန်လျှင် ဘတ်ငွေ ၁၂,၀၀၀ အထိရှိလာကြောင်း သတင်းများက ဆိုသည်။

ဆန်အများဆုံးတင်ပို့သောနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ဇူလိုင် ၂၀ ရက်ကပင် ပြည်ပဆန်တင်ပို့မှုများကိုရပ်ဆိုင်းခဲ့ရာ အခြားသော ဆန်တင်ပို့သည့်နိုင်ငံများကလည်း ထိုသို့ဆက်လက်လုပ်ဆောင်လာကြမည်ကို စိုးရိမ်မှုများရှိလာကြကာ ကမ္ဘာ့ဆန်ဈေးကွက်က မတည်မငြိမ် ဖြစ်လာခဲ့ရသည်။အိန္ဒိယအစိုးရက ဘတ်စ်မာတီးဆန်ကိုသာ ပြည်ပတင်ပို့ခွင့်ပြုထားပြီး အခြားနိုင်ငံအစိုးရများသို့ ရောင်းချရန် လမ်းကြောင်းများကိုလည်း အစိုးရမှတစ်ဆင့်သာ တိုက်ရိုက်ဖွင့်လှစ်ထားသည်။ ထို့ကြောင့်လည်း အခြားနိုင်ငံအတော်များများ၏ အစိုးရများက မိမိတို့ထံတင်ပို့ရောင်းချရန် ပမာဏများကိုတောင်းဆိုလာကြရပြီး ဆန်ဈေးနှုန်းမှာ အတက်အကျဖြစ်ခဲ့ရသည်။

ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံက တင်ပို့နေခြင်းဖြစ်ရာ ဤသို့ဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်လာရခြင်းက အခြားသောဆန်တင်ပို့သည့် အဓိကနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကိုပါ သက်ရောက်မှုရှိခဲ့သည်။

ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအဖွဲ့ချုပ် ဥက္ကဋ္ဌ ချူးကီးယတ် အိုဖာ့စ်ဝန်ဆီက လက်ရှိဆန်စပါးဈေးနှုန်းက ရောင်းချသူများအား တည်ငြိမ်သောဈေးဖြင့်ရောင်းချနိုင်ရေးကို စိန်ခေါ်လျက်ရှိပြီး မြန်မာနိုင်ငံက ယခုကဲ့သို့ ဆန်တင်ပို့မှုကို မကြာမီက ရပ်ဆိုင်းလိုက်ခြင်းကြောင့် ပို၍ မတည်မငြိမ်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

Ref-Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *