ဓာတ်ပုံ-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း

၂၇. ၈. ၂၀၂၃

Written by Hey Mar

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်းအဆင်းမှာ ပေ ၇၀ ခန့်နက်တဲ့ ချောက်ထဲကို Hijet ယာဥ်တစ်စီး ထိုးကျခဲ့ပေမယ့် ယာဥ်ပေါ်လိုက်ပါသူအားလုံး ထိခိုက်ဒဏ်ရာ မရရှိဘဲ အန္တရာယ်ကင်းခဲ့တယ်လို့ ရှမ်းမြောက်အခြေစိုက် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

This image has an empty alt attribute; its file name is 371307986_168819416235541_8003182361519618533_n.jpg

ဖြစ်စဥ်က ဒီနေ့ သြဂုတ်၂၇ ရက် ညနေ ၃ နာရီဝန်းကျင်ခန့်က ကျောက်မဲဘက်အခြမ်း၊ ကျောက်မဲရေကန် (ရှုခင်းသာ) အကျော် တံတားအကွေ့မှာ ချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်ပါလာသူ ၆ ဦးအနက် အမျိုးသမီးတစ်ဦးသာ ခါးထိခိုက်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကျန်သူတွေမှာ ဒဏ်ရာရရှိခြင်းမရှိတာကြောင့် ကမ်းလင့်လက်လူမှုကူညီရေးအသင်းက လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ချောက်ထဲကျကာ ထိခိုက်ပျက်စီးသွားတဲ့ ယာဥ်နဲ့ ပတ်သတ်လို့ လိုအပ်တဲ့ကူညီဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ကမ်းလင့်လက်များလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *