◾နိုင်ငံရေးအကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများကြောင့် ပြည်ပခရီးသွားဝင်ရောက်မှု နည်းနေခြင်းဟု ဆို

၂၇. ၈. ၂၀၂၃

Written by Nyein Kyaw

ပုဂံ၊ ညောင်ဦးလေဆိပ်သည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိခြင်းကြောင့် ပြည်ပမှ လေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနေသဖြင့် ရေရှည်အတွက် အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ပုဂံရှေးဟောင်းနယ်မြေရှိ မြို့မိ၊ မြို့ဖများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပုဂံဒေသသို့ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေးစေလိုမှုများကို ဒေသခံများက တင်ပြခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 371353887_168822979568518_3116709276049780066_n.jpg

ထို့ပြင် မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှု မရှိစေရေး နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးပြ၍ ပိတ်ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း အခြားနိုင်ငံများကဲ့သို့ ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့ဒေသသို့ လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးလာပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့် သွားလာမှုများ အဆင်ပြေစေရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပုဂံဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါးခြင်းကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ်နိုင်သမျှ ဆောင်ရွက်ရန်လိုအပ်ကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News