၂၇. ၈. ၂၀၂၃

Written by Min Mahar

လယ်ကွင်းသို့ နွားသွားကျောင်းသော အမျိုးသားတစ်ဦး PDF များထောင်ထား​သည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိမှန်ကာ ဒဏ်ရာရရှိမှု ခင်ဦးမြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၇ ရက်(ယနေ့)မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မန်ကျည်းတုံကျေးရွာတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်အမျိုးသားတစ်ဦးသည် ကျေးရွာ၏အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်းသို့ နွားကျောင်းသွားရာမှ ခင်ဦး-မင်းကန်ကြီးရွာသွား လမ်းဘေးသို့အရောက်တွင် PDF အဖွဲ့များထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပြီး ထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားတွင် ယာဘက်လက်ကောက်ဝတ် စုတ်ပြဲဒဏ်ရာ၊ ယာဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာနှင့် ဝဲ/ယာမျက်လုံးဖွင့်မရ(မစိုးရိမ်)တို့ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *