MT News

Written by Peya

ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်တုတော်ကို ဗန်းမော်ကျောင်းတိုက်သို့  ဇူလိုင်လ ၃၀ ရက်တွင် စတင်ပင့်ဆောင် ပူဇော်နေကြောင်း သိရသည်။

အဆိုပါ ရုပ်တုတော်ကို ကိုအောင်ကျော်ထွန်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆီလီကွန်ရုပ်တုအမျိုးအစားဖြစ်ပြီး ဆရာတော်ဘုရားကြီးသက်တော်ထင်ရှားရှိစဥ်ကနှင့်တူသည့်အတွက် ချီးမွှမ်းခံနေရခြင်းလည်းဖြစ်ပြီး ဆရာ တော်ဘုရားကြီး၏ ရုပ်တုတော်ကို အခမ်းအနားဖြင့် ပင့်ဆောင့်ပူဇော်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော် အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ နေ့လည် ၂ နာရီတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ လောင်တိုက်တော်တည်ရှိရာ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အများပြည်သူ နောက်ဆုံးပူဇော်ရန်အလို့ငှာ ၃၉ လမ်းမှ ၇၃ လမ်းအတိုင်း၊ ၇၃ လမ်းမှ ၃၈ လမ်းအတိုင်း၊ ၃၈ လမ်းမှ ၇၈ လမ်းအတိုင်း၊ ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ ပင့်ဆောင်ကာ မီးပူဇော်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *