၂၉. ၇. ၂၀၂၃
Written By Thandar

Huawei Xmage Photography Exhibition ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ The Secretariat Yangon မှာ ကျင်းပခဲ့ပါတယ်။

“HUAWEI P60 pro ရဲ့ Portrait mode ကို စမ်းသပ်ကြည့်တဲ့အခါ 3× Zoom ဆွဲလို့ရတယ်။ ရိုက်ကူးရေးလုပ်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ပုံထွက်တွေလည်း Ultra Lighting ပင်မကင်မရာအပြင် Hot Vision Telephoto ဓာတ်ပုံရိုက်တဲ့အခါ အကြီးဆုံး ပုံထွက်တွေရပါတယ်”လို့ ပုံရိုက်မှုနဲ့ပတ်သက်ပြီး ကိုအောင်ပြည်စိုးကပြောပါတယ်။

အဆိုပါ Exhibition ပြပွဲကို ဇူလိုင် ၂၉ ရက်ကနေ ဇူလိုင် ၃၀ အထိ ပြသသွားမှာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-29_13-58-40-930x1024.jpg

ဒီပွဲမှာ Professional ဓာတ်ပုံဆရာတွေဖြစ်တဲ့ Night School အပါအဝင် ဓာတ်ပုံသင်တန်းပေါင်းများစွာ ပို့ချနေတဲ့ ကိုအောင်ပြည့်စိုး ၊ Love Diary Wedding Professional က Founder ကိုဝေလင်းနဲ့ Sense Photography ရဲ့ Founder ကို Jason Ya တို့အပြင် တခြားဝါသနာရှင်တွေရဲ့ ဓာတ်ပုံဆရာတွေက Huawei ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ခင်းကျင်းပြသခဲ့ပါတယ်။

Flagship ဖုန်း Series တွေဖြစ်တဲ့ Huawei Mate 50 Pro, Huawei P60 Pro, Huawei nova 11 Pro တို့နဲ့ အသုံးပြုထားတဲ့ ပုံတွေကို ပြသခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *