၂၉. ၇. ၂၀၂၃
Written by Peya

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်မင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံပေါင်း လငါးနိုင်ငံမှ ဆရာတော်ကြီးများက ရွှေတိဂုံစေတီတော်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။

ကျေးဇူးရှင် အပြည်ပြည်ဆိုင်ရာသာသနာပြုအဘိဓဇမဟာရဋ္ဌဂုရုသောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီး၏ စီစဉ်ညွှန်ကြားမှုဖြင့် အိန္ဒိယ၊ ထိုင်း၊ လာအို၊ နီပေါလ်၊ သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများ၊ ဒါယက၊ ဒါယိကာမများက ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-07-29_14-32-15-1024x576.jpg

ပြည်ပမှ ကြွရောက်တော်မူလာသော ဆရာတော်ကြီးများကို ရွှေတိဂုံစေတီတော်ကြီး၏ ဂေါပကအဖွဲ့များမှ နွေးထွေးစွာကြိုဆိုခဲ့ကာ ဂေါပကအဖွဲ့ဝင်တစ်ဦးမှ မြတ်ဘုရားရွှေတိဂုံစေတီတော်ကြီး၏ သမိုင်းကြောင်းကို ဆလိုက်ရှိုးဖြင့် ရှင်းပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆရာတော်ကြီးများသည် မြတ်ရွှေတိဂုံစေတီတော်ကြီးကို လက်ယာရစ် လှည့်ပတ် ပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *