၂၉. ၇. ၂၀၂၃
Written by Pan Ei

မွေးနေ့ပွဲတွေ၊ အထိမ်းအမှတ်ပွဲတွေ၊ မိသားစုတွေ့ဆုံပွဲ စတာတွေမှာ မျက်လှည့်ပြတာမျိုးတွေ၊ ဂျိုကာလိုသရုပ်ဖော်ပြတာမျိုးတွေနဲ့ ကလေးတွေပျော်အောင် ဖျော်ဖြေပေးရတဲ့ ဗြိတိန်နိုင်ငံက ကလေးဖျော်ဖြေရေးသမားဟောင်းတစ်ဦးဟာ အသက်မပြည့်တဲ့ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာ စစ်ဆေးတွေ့ရှိပြီးနောက် မကြာသေးမီက ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံခဲ့ရပါတယ်။

အသက် ၅၇ နှစ်အရွယ် “ပါမောက္ခ Paulos” လို့ လူသိများတဲ့ Paul McKee ဆိုသူဟာ ဗြိတိန်နိုင်ငံအနောက်မြောက်ပိုင်းရှိ Wirral မြို့ပြရပ်ကွက် ဇာတိဖြစ်ပြီး ဗြိတိန်မှာ တရားရင်မဆိုင်ရခင် ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရတာပါ။ သူဟာ ၂၅ နှစ်နီးပါးကာလအတွင်း ကလေးခုနစ်ဦးကို ပြစ်မှု ၁၅ မှု ကျူးလွန်ခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-29_13-46-06-1024x682.jpg

ကျူးလွန်သူတွေက သူ့ကို တရားရုံးမှာ “မွန်းစတားတစ်ကောင်” လိုပဲလို့ ဖော်ပြခဲ့ကြပြီး တရားသူကြီး David Swinnerton ကလည်း စီရင်ချက်ချစဉ်မှာ အဲ့ဒီအချက်ကို သဘောမတူဖို့ရာ ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျူးလွန်ခံရသူတွေဟာ McKee ကြောင့် ပြင်းထန်တဲ့ ဝေဒနာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင်ခဲ့ရကြောင်းလည်း ပြောကြားခဲ့ပြီး McKee ကို တရားစီရင်ဖို့ရာ ရှေ့ထွက်ရဲတဲ့ ကျုးလွန်ခံရသူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခွန်အားတွေကိုတော့ လူတွေက ချီးကျူးနေကြပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပေါ် ဆိုးရွားလှတဲ့ လုပ်ရပ်တွေကြောင့် သူ့ကို့ ထောင်ဒဏ် နှစ် ၃၀ သာ ချမှတ်လိုက်ပေမဲ့ သူ့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကတော့ တစ်သက်တာလုံး ကြာရှည်နေမှာဖြစ်ပြီး McKee ရဲ့အမည်ဟာ လိင်ပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်သူတွေမှတ်တမ်းမှာ ထာဝစဉ်ရှိနေမှာဖြစ်တယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

Ref; Thaiger

Leave a Reply

Your email address will not be published. Required fields are marked *