၂၈. ၆. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ရှိ အဆောက်အအုံ၏ လေးလွှာ ဝရန်တာမှ ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့တွင်ဖြစ်ပွားခဲ့ကြောင်း Myanmar Ambulance Network ၏ အသင်းခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက် နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ ဒုတိယနှစ် ကျောင်းသားဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သွားမသယ်ပါဘူး။ မိတ်ဖက်အသင်းက သယ်သွားတာပါ။ လောလောဆယ်တော့ ဖြစ်စဉ်ကို မသိရသေးပါဘူး။ လေးလွှာက ပြုတ်ကျတာပဲ သိရတာပါ။ ကျောင်းသားဆိုတော့ လူငယ်ပိုင်းပါပဲ။ အသက် ၂၀ ပတ်ခြာလည်ပါ။ စာသင်ကျောင်းဆောင်ကနေ ပြုတ်ကျတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ဝရန်တာမှ ပြုတ်ကျသေဆုံးသည့် အဆိုပါကျောင်းသား၏ ရုပ်အလောင်းကို ကံ့ကော်မြေပရဟိတအသင်း(MAN) မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News