၂၈. ၆. ၂၀၂၃
Written By Thandar

MRTV-4 ရုပ်သံလိုင်းက တစ်ဆင့် ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် ဝေလာရီက ကိုယ်ပိုင်သံစဥ် “မေမေ့ကိုပြောပါ” သီချင်းဖြန့်ချိမှာဖြစ်သလို ဝေလာ့ကိုချစ်ရင် မေမေကိုလာပြောမှ ရမယ်နော်လို့လည်း MT News ကိုပြောပါတယ်။

“ဝေလာ့ကို ရင်းနှီးတဲ့ မိတ်ဆွေတော်တော်များများ သိကြတယ်။ ဝေလာဘယ်သွားသွား ဘေးမှာ မေမေပါတယ်။ မေမေရဲ့ အုပ်ထိန်းမှုအောက်မှာပဲ ဝေလာနေတယ်။ အဝတ်အစားဆိုလည်း မေမေ ဆင်ပေးတာ ဝတ်ဖြစ်တယ်။ မေမေ့စကားဆိုရင် အမြဲတမ်း နာခံတဲ့အထဲမှာပါတယ်။ မိသားစုတာဝန်ကိုလည်း ထမ်းဆောင်နေတယ်ဆိုတော့ ။ Bo Bo Entertainment က သီချင်းလေးလာပြချိန်မှာ ဝေလာ သဘောကျတယ်။ စာသားလေး နားထောင်ကြည့်တော့ ဝေလာနဲ့ ကိုက်ညီမှုရှိတယ်။ အဲ့ဒီအတွက်ကြောင့် ဒီသီချင်းလေး Music Video ထုတ်ဖြစ်မှာပါ။ ကြေညာတာ မဟုတ်ဘူးနော်။ ဝေလာ့ကိုချစ်ရင် မေမေကိုလာပြောမှ ရမယ်နော် ”လို့ သရုပ်ဆောင် တေးသံရှင် ဝေလာရီ က MT News ကို ပြောပါတယ်။

အဆိုပါ တေးသီချင်းကို တေးရေး တာရာလင်းလက် ရေးဖွဲ့သီကုံးထားပြီး W Entertainment က ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ” မေမေ့ကို ပြောပါ “Music Video မှာ ညီနန္ဒ ၊ လှမျိုးသဥ္ဇာနွယ် ၊ ဗညားဘုန်းပြည့် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

“ဒီသီချင်းက ဝေလာ့ဘဝနဲ့တော်တော် တိုက်ဆိုင်တယ်။ မယုံရဘူးကွယ် သီချင်းလေး တစ်ပုဒ် ရှိပါသေးတယ်။ ချစ်သူထားချင်ပေမယ့် ဖေဖေ၊ မေမေဆူမှာကြောက်တဲ့ ကောင်မလေးကို မကြာခင်တွေ့ရမှာပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *