၂၈. ၆. ၂၀၂၃
translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ အွန်လိုင်းကာစီနိုတစ်ခုတွင် အလုပ်လုပ်ကိုင်ရန် လူကုန်ကူးခြင်းခံထားရသူ တစ်ထောင်ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ကြောင်း ဇွန်လ ၂၇ ရက်က ပြောခဲ့သည်။

ပြီးခဲ့သည့် မေလ ၄ ရက်က ဖိလစ်ပိုင်နိုင်ငံ ပန်ပမ်ဂါမြို့ရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က စီးနင်းပြီး အဓမ္မခိုင်းစေခံရသည့် လူ ၁၁၃၇ ဦးကို ကယ်ထုတ်ခဲ့ရရာ ထိုအထဲတွင် မြန်မာနိုင်ငံသား ၄၅ ဦးလည်း ပါဝင်ခဲ့သည်။

လက်ရှိတွင် ဇွန်လ ၂၆ ရက်ညက မနီလာမြို့အတွင်းရှိ အဆောက်အအုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာတွင် အဆိုပါလူကုန်ကူးခံထားရသူ ဓားစာခံများကို တွေ့ရှိခဲ့ပြီး တရုတ်၊ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံသားများ ပါဝင်သည်ဟု သိရသည်။ ထို့ပြင် ဝင်ရောက်စီးနင်းသော အဆောက်အအုံများ၏ အတွင်းဘက်တွင် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်နှင့် မြန်မာနိုင်ငံသားများကိုလည်း တွေ့ရှိခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အဆောက်အအုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုအတွင်း လူကုန်ကူးမှူဆောင်ရွက်နေသူ လူ ၂,၇၀၀ ကျော်ကိုလည်းဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အနက် ၁,၅၀၀ ကျော်မှာ ဖိလစ်ပိုင်နိုင်ငံသားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ရဲတပ်ဖွဲ့က လူကုန်ကူးခံရသူများနှင့် ဖမ်းဆီးထားသူအားလုံးကို လက်ရှိတွင် စစ်ဆေးနေကြောင်းလည်း သိရသည်။

အာရှ-ပစိဖိတ်ဒေသအတွင်း ဒေသနေပြည်သူများအား လှည့်စားလူကုန်ကူးမှုများနှင့် အွန်လိုင်းအယောင်ဆောင်ရင်းနှီးမှုများပြုကာ အတင်းအကျပ်အလုပ်ခိုင်စေမှုများ မြင့်တက်လာနေ၍ ဒေသအတွင်း အင်တာနက်မှလိမ်ညာမှုများ တိုးမြင့်လာမည်ကိုစိုးရိမ်နေရသည်။ ရဲတပ်ဖွဲ့က ယခု ကယ်ဆယ်နိုင်ခဲ့သော လူကုန်ကူးခံရသူများဆိုလျှင်လည်း အွန်လိုင်းဂိမ်းများအတွက် ကစားသူများရှာဖွေရန် ဖိလစ်ပိုင်နိုင်ငံအတွင်း အလုပ်လုပ်ရန်အတွက် လူမှုကွန်ရက် Facebook တွင် အလုပ်များ ရရှိခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့အနက် အများအပြားမှာ နေ့စဉ် ၁၂ နာရီခန့် အတင်းအကျပ်အလုပ်လုပ်ကြရပြီး လစာအနေဖြင့်မူ ပီဆို ၂၄,၀၀၀( ၄၃၃ အမေရိကန်ဒေါ်လာ) ခန့်သာရသည်အထိ နည်းပါးကြကြောင်း သိရသည်။

Ref—– CNA

Leave a Reply

Your email address will not be published. Required fields are marked *