၂၈. ၆. ၂၀၂၃
Translated by Htwe Ko Tun

ဘီလာရုစ်နိုင်ငံ၊ အဆီပိုဗီချီ(Asipovichy) မြို့တွင် ဝက်ဂ်နာ ကြေးစားအပျော်တန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၈,၀၀၀ စခန်းချနေထိုင်ရန် စစ်စခန်းတစ်ခုကို ဆောက်လုပ်နေကြောင်း ရုရှားနိုင်ငံမှ Verstka media က ဖော်ပြခဲ့သလို အမည်မဖော်ပြသောသတင်းအရင်းအမြစ်တစ်ခုကလည်း အလားတူစစ်စခန်းအချို့ကို ဘီလာရုစ်နိုင်ငံအတွင်း တည်ဆောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

အဆိုပါစစ်စခန်းက ယူကရိန်း-ဘီလာရုစ် နယ်စပ်မှ ၂၀၀ ကီလိုမီတာ(၁၂၄ မိုင်) ခန့် ကွာဝေးပြီး အကျယ်အဝန်းအားဖြင့် ၂၄,၀၀၀ စတုရန်းမိုင်ရှိသည်ဟု သိရသည်။

ဒေသအုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သောသတင်း အရင်းအမြစ်တစ်ခုကလည်း ဝက်ဂ်နာ ကြေးစားအပျော်တန်း တပ်ဖွဲ့ စခန်းတစ်ခုကို ဒေသအတွင်း တည်ဆောက်ရန် ဒေသအာဏာပိုင်များက ညွှန်ကြားခဲ့ကြောင်း ပြောခဲ့သည်။ ဝက်ဂ်နာတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကလည်း တပ်ဖွဲ့ဝင်များနေရာပြောင်းရွှေ့မှုကို အတည်ပြုခဲ့ကြသည်။

ဝက်ဂ်နာ ကြေးစားအပျော်တန်း တပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်မှာ မော်စကိုသို့ ချီတက်နေသော ၎င်း၏တပ်ဖွဲ့များ နောက်ပြန်လှည့်ရန်အမိန့်ပေးခဲ့ပြီးနောက် ၎င်းအား ဘီလာရုစ်နိုင်ငံတွင် ခိုလှုံရန်သဘောတူချက်ရခဲ့ကြောင်းလည်း ပြောခဲ့သည်။ သို့သော် ပရီဂိုဇင် ဘီလာရုစ်သို့ရောက်ရှိနေပြီလောဆိုသည့်အချက်မှာ မရှင်းမလင်းဖြစ်လျက်ရှိသည်။ ဇွန်လ ၂၆ ရက်တွင် ထွက်ပေါ်လာသော သတင်းအချို့ကမူ ပရီဂိုဇင်မှာ ဘီလာရုစ်နိုင်ငံ၊ မြို့တော် မင့်စ်ခ် ရှိ Green City Hotel ဟိုတယ်တွင် ရောက်ရှိနေ‌ကြောင်းဆိုကြသည်။ သို့ရာတွင် ထိုသတင်းမှန်မမှန်အတည်ပြုနိုင်ခြင်းလည်း မရှိကြောင်းသိရသည်။

Ref—– Verstka Media

Leave a Reply

Your email address will not be published. Required fields are marked *