၂၇. ၆. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယားမင်းသမီးချော ပရိသတ်အချစ်တော် ဆုန်းဂျီဟိုဟာ မြန်မာနိုင်ငံမှာလည်း ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ ရသစုံရှိုး Running Man အစီအစဉ်ရဲ့ မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ အပိုင်းတွေမှာ စိတ်အားထက်သန်မှု ကင်းမဲ့နေတဲ့ပုံပေါ်တယ်လို့ ကြည့်ရှုသူတွေက ထောက်ပြခဲ့ကြပြီး ရှိုးကနေ ထွက်သင့်တယ်လို့ပါ ဝေဖန်ခံခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ်က စတင်ကာ အပတ်စဉ် SBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Running Man မှာ မင်းသမီး ဆုန်းဂျီဟိုက ယောက်ျားလေးအဖွဲ့ဝင်တွေနဲ့အတူ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ခဲ့ပြီး သူမရဲ့ ပြောင်မြောက်လှတဲ့ ကစားကွက်တွေနဲ့အတူ ကြိုးစားမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အရယူနိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း တချို့သော ကြည့်ရှုသူတွေရဲ့ အဆိုအရ Running Man ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ တချို့အပိုင်းတွေမှာ ဆုန်းဂျီဟိုက စကားပြောရုံမျှသာပါဝင်ခဲ့ပြီး ကစားတာတွေနဲ့ လှုပ်ရှားမှုတွေမှာတော့ ပါဝင်ဖို့ စိတ်အားထက်သန်စွာ ကြိုစားမှုမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

ဆုန်းဂျီဟိုဟာ မကြာသေးမီက သူမရဲ့အေဂျင်စီဟောင်း Uzurocks နဲ့ ငွေပေးချေဖို့ ပျက်ကွက်မှု၊ အခြားကုမ္ပဏီဝန်ထမ်းတွေကို လစာပေးဆောင်ဖို့ ပျက်ကွက်မှု၊ အလွဲသုံးစားလုပ်မှု စတဲ့ တရားရေးဆိုင်ရာ ငြင်းခုန်မှုတွေရှိခဲ့ပြီး အစပိုင်းမှာတော့ အခက်အခဲတွေကြုံနေရတဲ့ သူမရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ နားလည်ကာ သူမကို ဆက်လက်အားပေးနေခဲ့ကြပေမဲ့ အခုချိန်မှာတော့ ကြည့်ရှုသူတချို့က စိတ်အားထက်သန်မှုမရှိလို့ ရှိုးကနေ ထွက်သင့်တယ် ဆိုတဲ့ အမြင်ကို စတင်ဖော်ပြလာခဲ့ကြတာပါ။

ဒါပေမဲ့ ဆုန်းဂျီဟိုရဲ့ပရိသတ်တွေနဲ့ ကြည့်ရှုသူတချို့ကတော့ သူမကိုကာကွယ်ပေးခဲ့ကြပြီး “ဒါက ဆုန်းဂျီဟိုရဲ့ ပြဿနာလို့ မထင်ပါဘူး၊ ထုတ်လုပ်ရေး အဖွဲ့သားတွေကြောင့်လို့ ထင်ပါတယ်။”၊ “သူမကို ထားမသွားစေချင်ပါဘူး။ ဒီထက်ပိုပြီး နည်းနည်းလေး ပိုတက်ကြွနေတာကိုပဲ မြင်ချင်ပါတယ်။”၊ ” သူမထွက်သွားရင် ပရိုဂရမ်တစ်ခုလုံးကို ဖျက်သိမ်းလိုက်သလို ခံစားရမှာပါ”စသဖြင့် သူမဘက်ကနေ ချေပ ပြောဆိုခဲ့ကြပါတယ်။

Ref; Allkpop

Leave a Reply

Your email address will not be published. Required fields are marked *

Related News