၂၆. ၆. ၂၀၂၃
Written by Naing Thuta

ခြောက်ဘီးကားဖြင့် သယ်ဆောင်လာသည့် လျှပ်စစ်ဒီတိုနေတာအချောင်း ၂၀၀၀၀ ခန့်ကို ယမန်နေ့ညနေပိုင်းက မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၅ ရက်) ညနေ ၄ နာရီခွဲခန့်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်နေစဉ် မြစ်ကြီးနားဘက်မှ မန္တလေးမြို့ဘက်သို့ အသက် ၃၀ အရွယ်ယာဉ်မောင်း တစ်ဦးတည်းမောင်းနှင်လာသော ယာဉ်အမှတ် TG-4283 CANTER အမျိုးအစား ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် အစိမ်းရောင်မိုးကာဖြင့် ဖုံးအုပ်ထားသော အဖြူရောင်ဆာလာအိတ် ၆ အိတ်အတွင်းမှ ဒီတိုနေတာဟု ယူဆရသော ပစ္စည်းအချောင်း ၂၀၀၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါခြောက်ဘီးယာဉ်ဖြင့် ဒီတိုနေတာဟုယူဆရသည့်ပစ္စည်းများကို သယ်ဆောင်လာသည့်ယာဉ်မောင်းအား မိုးညှင်းမြို့နယ်၊ နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *