၁၆. ၆. ၂၀၂၃
Written by Pan Ei
၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့ပြီး Anime ကြည့်ရှုသူတွေကြားမှာ ရေပန်းစားခဲ့တဲ့ Tokyo Revengers Anime ရဲ့ Live Action ဇာတ်ကားထဲက နာမည်ကြီး ဂျပန်မင်းသား Kento Nagayama ဟာ ဆေးခြောက်ထိန်းချုပ်ရေးဥပဒေကို ချိုးဖောက်တယ်လို့ သံသယရှိတာကြောင့် သောကြာနေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

တိုကျိုမြို့၊ Meguro ရပ်ကွက်မှာရှိတဲ့ Nagayama ရဲ့ တိုက်ခန်းကို တိုကျိုမြို့တော်ရဲဌာနက တပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၁၅ ရက် ညသန်းခေါင်ကျော်အချိန် ဝင်ရောက်ရှာဖွေရာမှာ ဆေးခြောက်ကို ရှာတွေ့ခဲ့တာဖြစ်ပြီး Nagayama ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဆိုပါမူးယစ်ဆေးဝါးတွေကို ဘယ်လိုရခဲ့တာလဲဆိုတာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
Nagayama ဟာ ၂၀၀၇ ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး၂၀၁၀ က ထွက်ရှိခဲ့တဲ့ “Soft Boy” ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်သစ်ဆုကို ရရှိခဲ့ကာ ဒရာမာနှင့် ရုပ်ရှင်များစွာ ပါဝင်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ဦး ဖြစ်သလို မင်းသား Nagayama Eita ရဲ့ ညီလည်း ဖြစ်ပါတယ်။
Ref;The Japan News

