ချင်း PDF များသို့ ထောက်ပို့မည့် ယာဥ်၊ ပစ္စည်းများနှင့် ဖမ်းမိခဲ့သူနှစ်ဦးကို တွေ့ရစဥ်

MT News

Written by Min Mahar

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် PDFအဖွဲ့သို့ ပို့ဆောင်မည့် စားသောက်ကုန်များတင်လာသည့် အပြာရောင်(၆)ဘီး ကုန်တင်ယာဉ်အား ပခုက္ကူမြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီကျော်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁၅)ရပ်ကွက် ပဒေသာလမ်းရှိ “ရွှေညောင်အေး”ခရီးသည်တင်ယာဉ်လိုင်းရှေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ PDF အဖွဲ့သို့ ပို့ဆောင်မည့် စားသောက်ကုန်များတင်ထားသော အပြာရောင် FORLAND (၆)ဘီးကုန်တင်ယာဉ်တစ်စီး ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” မနက် ၈ နာရီလောက် ရဲနဲ့စစ်သားတွေအများကြီး ရောက်လာပြီး ဖော်လန်အပြာရောင် ၆ ဘီးယာဉ်ကို စစ်ဆေးပြီး ဖမ်းဆီးသွားတယ်။ ကားပေါ်မှာ လူလတ်ပိုင်းယောကျာ်းလေးနှစ်ယောက်ပါဖမ်းသွားတယ်။ ယာဉ်မောင်းနဲ့ နောက်လိုက်လို့ကြားတယ်။ချင်းပြည်နယ် PDF ကိုထောက်ပံ့တဲ့ ကားလို့လည်း ကြားသေးတယ်။ ကားနဲ့လူတွေတော့ ဘယ်ခေါ်သွားလည်းမသိဘူး” ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကုန်တင်ယာဉ်ပေါ်တွင် ကုန်ပစ္စည်း(၂၆) မျိုးနှင့် စက်သုံးဆီ(ဓာတ်ဆီ) ၁၅ ပေပါတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။ ၎င်းယာဉ်နှင့်အတူ အမျိုးသားနှစ်ဦးအား တာဝန်ရှိသူများမှ ခေါ်ဆောင်သွားပြီး ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *