April 27, 2024

၁၀. ၆. ၂၀၂၃
MT News Entertainment

ဇွန် ၁၁ ရက် ည ၁ နာရီခွဲမှာ ယှဥ်ပြိုင်မဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ သမိုင်းကြောင်းအရ တစ်ကြိမ်မှ ချန်ပီယံမရဖူးသေးတဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဖလားနဲ့ ၁၃ နှစ်ကြာ ဝေးကွာနေတဲ့ အင်တာမီလန်တို့ ယှဥ်ပြိုင်ကြမှာပါ။

သမိုင်းမရှိပေမဲ့ ရေနံလောင်းပြီး မန်ယူကို ခြေရာတိုင်းနိုင်ဖို့ ဖလားသုံးလုံးအိပ်မက် မက်နေတဲ့ မန်စီးတီးဟာ နိုဗူးဘဝက လွတ်မြောက်ဖို့ အားထည့်လာမဲ့အပြင် လက်ရှိအခြေအနေမှာတော့ အင်တာထက်သာလွန်သလို ဗိုလ်စွဲဖို့လည်း ရေပန်းစားပါတယ်။

တစ်ဖက်မှာလည်း မန်စီးတီးက ခြေစွမ်း သာလွန်တယ်ဆိုပေမဲ့ ချန်ပီယံလိဂ်က နတ်ကြီးပါတယ်။ အစဥ်အလာမရှိတဲ့အသင်းတွေဟာ အစဥ်အလာရှိတဲ့အသင်းတွေနဲ့ ယှဥ်ပြိုင်မယ်ဆို ဒူးထောက်ရလေ့ရှိတတ်တာလည်း ထည့်တွက်မယ်ဆို မန်စီးတီးရဲ့ ပထမဆုံးဖလားသုံးလုံးအိပ်မက်ဟာ ပျက်ပြယ်စရာလမ်းကြောင်းပေါ်မှာ ရှိနေမှာလို့ ပြောနိုင်ပါသေးတယ်။

ဒီအခြေအနေမျိုးမှာ မန်စီးတီးရော အင်တာရောပါ ဥရောပမှာ ဗိုလ်ဝင်ခံဖို့ အားကုန်ထုတ်လာနိုင်သလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဥ်တစ်ခုဖြစ်လာမှာလည်း အသေအချာပါ။

ဒါကြောင့်မို့လို့လည်း MT News အနေနဲ့ မန်စီးတီးနဲ့ အင်တာမီလန် အပြိုင်နွှဲမဲ့ ဒီပွဲအတွက် ပွဲကြိုခန့်မှန်းပြိုင်ပွဲကို MT News ပရိသတ်တွေ အပျော်ခန့်မှန်းပြီး ဆုယူနိုင်ဖို့ ပြုလုပ်ပေးလိုက်ပါတယ်။

ခန့်မှန်းပြိုင်ပွဲ ဖြေဆိုရမဲ့ပုံစံ

အနိုင်ရမည့်အသင်း “မန်စီးတီး” (ပွဲချိန်မိနစ် ၉၀ အတွင်းသာ)
ဂိုးရလဒ် “မန်စီးတီး ၁– ၀ အင်တာ”
အဖွင့်ဂိုးသွင်းမည့်သူ “ဟာလန်း”
ဖြေဆိုချိန် “၁၂ နာရီ ၁၀ မိနစ်”(ပထမဆုံးအဖြေမှန်သူဆုပေးမည်ဖြစ်သည့်အတွက် အငြင်းပွားမှုမဖြစ်စေရန်၊ ၊ အဖြေမှန်သည့်အပြင် မိနစ်တူနေပါက ခွဲဝေယူရမည်ဖြစ်သည်။)

ဆိုပြီး ကွန်းမန့်မှာ တစ်ဦးကို မန့်တစ်ခုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စည်းကမ်းချက်များ

၁။ MT News Entertainment Page အား Like & Follow လုပ်ထားသူဖြစ်ရန်။

၂။ ယခု ပို့စ်အား Like လုပ်ထားပြီး Public ဖြင့် Share ထားရန်။ ဆုငွေထုတ်ယူချိန်တွင် သက်သေပြရန်။

၃။ မည်သူမဆို ခန့်မှန်းဖြေဆိုနိုင်မည်ဖြစ်ပြီး ဆုငွေကိုမူ K Pay ဖြင့်သာ ချီးမြှင့်မည်ကို သိရှိရန်။

၄။ Edit လုပ်ထားသူများ ဆုချီးမြှင့်မည်မဟုတ်ကြောင်းနှင့် ပထမဆုံး ကနဦးခန့်မှန်းမှု အဖြေ မှန်ကန်သူကိုသာ ကျပ် ၁၀၀၀၀၀ ချီးမြှင့်မည်ဖြစ်သည်ကို ကြိုတင်သိရှိရန် (အဖြေမှန်သည့်အပြင် မိနစ်တူနေပါက ခွဲဝေပေးမည်ဖြစ်သည်)။

၅။ MT News က ဖြေဆိုခိုင်းသည့် ပုံစံအတိုင်း အတိအကျမှန်သူကိုသာ ဆုချီးမြှင့်မည်ဖြစ်ပါသည်။

၆။ ပွဲချိန် မိနစ် ၉၀ ရလဒ်သာ အတည်ပြုမည် ဖြစ်ပြီး ပွဲမစမီ ည ၁ နာရီနောက်ပိုင်း ခန့်မှန်းသူများ အကျုံးမဝင်သည်ကို ကြိုတင်သိရှိရန်။

၇။ အငြင်းပွားမှုများ ပေါ်ပေါက်ပါက MT News Entertainment အယ်ဒီတာအဖွဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်သည်။

အယ်ဒီတာအဖွဲ့
MT News Entertainment

Leave a Reply

Your email address will not be published. Required fields are marked *