MT News
Written by Nay Moe

ရန်ကုန်မြို့ပြပြောက်ကျား UG PDF များက မေလ ၃၀ ရက် ညတွင် ချောင်းမြောင်းပစ်ခတ်လုပ်ကြံခံရသော အဆိုတော်လီလီနိုင်ကျော်မှာ အမှတ်(၁) တပ်မတော်ဆေးရုံကြီးတွင် အရေးပေါ်ကုသပေးနေစဥ် ည ၁၀ နာရီခန့်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေလ ၃၀ ရက် ည ၇ နာရီ ၅ မိနစ်ခန့်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ ဖြစ်စဥ်ဖြစ်ပွားရာ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ရန်အောင်လမ်းရှိ တိုက်ခန်းသို့ လုံခြုံရေးတပ်ဖွဲ့များ သွားရောက်စစ်ဆေးခဲ့ရာ ထို တိုက်ခန်းရှေ့ရှိ လမ်းပေါ်တွင် အမျိုးသားရေးလှုပ်ရှားသူ ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော် (၅၈)နှစ်မှာ NISSSAN PINO အမျိုးအစားအပြာနုရောင်ဖြင့် အပြင်မှ နေအိမ် တိုက်ခန်းသို့ ပြန်လာပြီး နေအိမ်တိုက်ခန်းရှေ့အရောက် ကားရပ်၍ ကားပေါ်မှဆင်းရန် ပြင်ဆင်နေစဉ် လမ်းလျှောက်လာသည့် အမည်မသိ(စိစစ်ဆဲ)မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်လီလီနိုင်စိုး(ခ)လီလီနိုင်ကျော်မှာ ယာဘက်ပါး (ယာနားထင်အနီး)ထိမှန် ဒဏ်ရာတစ်ချက်(စိုးရိမ်ရ) ရရှိခဲ့သည်။

ထို့ကြောင့် ဒဏ်ရာရရှိသူ ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော်အား အမှတ်(၁)တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ပြီး အရေးပေါ်ကုသမှုခံယူစေခဲ့သော်လည်း ည ၁၀ နာရီခန့်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *