၃၀. ၅. ၂၀၂၃
Written By Thandar

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်မယ့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ရန်အောင် ကျော်ရဲအောင်၊ ရဲအောင်၊ ဖြိုးငွေစိုး၊ ယွန်းရွှေရည်၊ ဟေမာမန်းဝင်းစတဲ့သူတွေနဲ့ ဇာတ်တိုက် လေ့ကျင့်နေကြတာဖြစ်ပါတယ်။

ဒီနေ့ မေလ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြက်လုံးတိုက်လေ့ကျင့်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်ကနေ ၄ ရက်အထိ ၃ ရက်တိုင် ညနေ ၆ နာရီကနေ ၉ နာရီခွဲအထိ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဒီပွဲကို လာရောက်ကြည့်ရှုအားပေးကြမယ့် ပြည်သူတွေ သွားလာရေး အဆင်ပြေချောမွေ့စေဖို YBS ယာဉ်လိုင်းတွေနဲ့ တက္ကစီတွေ စီစဉ်ထားမှုတွေလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသက ပြည်သူတွေအတွက် အမျိုးသားဇာတ်ရုံမှာ ကျင်းပမယ့် ရန်ပုံငွေ ပဒေသာဖျော်ဖြေပွဲလက်မှတ်တွေကိုကျပ် ၅၀၀၀ ကနေ ကျပ် ၃၀၀၀၀ အထိ မေ ၂၉ ရက်ကစတင်ပြီး အမျိုးသားကဇာတ်ရုံနဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့မှာ ရောင်းချပေးလျက်ရှိပါတယ်။ ကျပ် ၅၀၀၀ အတွက် ထိုင်ခုံ ၄၈၂ ခုံ၊ ကျပ် ၁၀၀၀၀ အတွက် ထိုင်ခုံ ၁၃၆ ခုံ၊ကျပ် ၂၀၀၀၀ အတွက် ထိုင်ခုံ ၁၀၂ ခုံ၊ ကျပ် ၃၀၀၀၀ အတွက် ထိုင်ခုံ ၃၀၈ ခုံတို့ စီစဉ်ပေးထားတာဖြစ်ပါတယ်။

အဆိုပါပဒေသကပွဲက ရရှိလာတဲ့ ရန်ပုံငွေတွေကို မိုခါ မုန်တိုင်းဒဏ်သင့်ဒေသက ပြည်သူတို့အတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *