၃၀. ၅. ၂၀၂၃
Written by Nay Moe

ယမန်နေ့ မေလ ၂၉ ရက်က ဟားခါးမြို့နယ်တွင် ဖြစ်ပွားသည့် သီးမစ်တိုက်ပွဲတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၁၁ ဦး သေဆုံးခဲ့သည်ဟု CDF တပ်မဟာ (၁) မှ သိရသည်။

သီးမစ်တိုက်ပွဲအတွင်း သေဆုံးသူများမှာ CDF -ဟားခါးမှ ၈ဦး၊ CDF -ဇိုးဖိုင်မှ ၁ ဦးနှင့် ချင်းအမျိုးသားတပ်ဦး(CNA) မှ ၂ဦး တို့ဖြစ်ကြသည်။ ထို့အပြင် CDF -ခွန်ကျုံး၊ CDF -ဇိုးဖိုင်၊ CDF-ဟာခါးနှင့် CNAတို့မှ ရဲဘော်များစွာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သည်။

သီးမစ်တိုက်ပွဲတွင် လခရတပ်ဖွဲ့ အင်အား ၂၀၀ ကျော်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေချိန်မှ လေကြောင်းမှ Jet Fighter ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် SAC ၏ လခရ အင်အား၁၅၀ ခန့်သည် ချင်းအမျိုးသားတပ်ဦး(CNA) ဌာနချုပ်ဘက်သို့ စစ်ကြောင်းထိုးနေကြောင်းလည်း CDF တပ်မဟာ (၁) မှ စုံစမ်းသိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် CDF ပူးပေါင်း ၁၁ ဦးအနက် ၈ ဦး၏ အမည်စာရင်းရရှိထားပြီး ထိုသူများမှာ Salai David Van Ṭha Lian, Salai Noah Zung Ceu Thang, Salai Samuel (Pa Muak), Salai Ṭha Lian Cung, Salai Ngun Lian Ceu, Salai Biak Cin Hmung, Salai Richard နှင့် Kyaw Oo တို့ဖြစ်ပြီး ကျန်သေဆုံးသူသုံးဦး၏ အမည်ကို ဆက်လက်အတည်ပြုရန် ကြိုးပမ်းနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *