April 18, 2024

၂၄. ၅. ၂၀၂၃
Written by Min Mahar

နေအိမ်စျေးဆိုင်အတွင်း၌ စျေးရောင်းနေသောအမျိုးသားတစ်ဦးကို PDF အဖွဲ့ဝင် ၅ ဦးက”ဒလန်တွေကိုအရှင်မထားဘူး” ဟုပြောကာ သေနတ်ဖြင့် နောက်စေ့ကိုပစ်သတ်သွားမှု တောင်သာမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီကျော်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာတွင်နေထိုင်သော အသက် ၅၀ ကျော်အမျိုးသားတစ်ဦးသည် နေအိမ်အတွင်းရှိစျေးဆိုင်၌ စျေးရောင်းနေစဉ်အတွင်း ဆိုင်ကယ် ၃ စီးဖြင့် PDF အဖွဲ့ဝင် ၅ ဦးရောက်ရှိလာပြီး “ဒလန်တွေကို အရှင်မထားဘူး”ဟုပြောဆိုကာ ပစ္စတိုသေနတ်ဖြင့် နောက်စေ့ကိုတစ်ချက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

” PDF တွေက သူ့ကိုဒလန်လုပ်တယ်ဆိုပြီးတော့ လာသတ်သွားကြတာပဲ။ သူကဆိုင်ဖွင့်ထားတော့ လူစုံတယ်လေ။ စစ်တပ်ကလည်း လာမေးမြန်းတာတွေလည်း ရှိကောင်းရှိလိမ့်မယ်။ စျေးဆိုင်ဆိုတော့လည်း အကုန်လုံးကို အလိုက်အထိုက်ပေါင်းရတာကို PDF တွေက သူတို့လိုရာတွေးပြီး ဒီလူဒလန်ပဲ သေချာတယ်လို့ထင်မြင်တော့ ရမ်းသမ်းသတ်ဖြတ်နေကြတာဖြစ်မယ်”ဟု အမည်မဖော်လိုသူရွာခံတစ်ဦးက MT News သို့ ပြောပြသည်။

အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ယင်းမှာ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း လိုက်လံစုံစမ်းစစ်ဆေးနေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *