April 28, 2024

၂၄. ၅. ၂၀၂၃
Written By Thandar

တေးရေး တေးဆို ဗျူဟာက ရန်ကုန်မြို့ မီးပျက်တာနဲ့ ပတ်သက်ပြီး မနေ့က မေလ ၂၃ ရက်မှာ Live လွှင့်ပြီး ဝေဖန်ဆဲဆိုခဲ့ရာက ဒီနေ့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

သူက ကိုယ်ပိုင် Byuhar Page ကနေ ပရိသတ်တွေကို အရင်ဆုံး နှုတ်ဆက်ပြီး နောက်ပိုင်းပြောမယ့် စကားတွေကပရိသတ်တွေနဲ့ မဆိုင်တော့ပါဘူးလို့ ကြိုပြောခဲ့သလို ရိုင်းတာရှိရင် ခွင့်လွှတ်ပေးပါ နားလည်ပေးကြပါလို့ ကြိုပြောခဲ့ကာ လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး ဝေဖန်ဆဲဆိုခဲ့တာဖြစ်ပါတယ်။

သူ့ Live မှာဆိုရင် “ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတန်းနဲ့ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ကောင်တွေ” လို့ ပြောဆိုခဲ့သလို “မီးပျက်လို့ ဆဲတယ်ကွာ” ဆိုပြီး သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဒဂုံ မြိုနယ် ၄၈ ရပ်ကွက် ဗထူးအိမ်ရာဆိုပြီးတော့ တင်ထားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ မီးပျက်မှုနဲ့ ပတ်သက်ပြီး ထောက်ပြတဲ့အပေါ်  ပရိသတ်တချို့ထောက်ခံခဲ့သလို ပရိသတ်တချို့ကတော့ “I DOL ပြောတာ အမှန်တွေချည်းပါပဲ။ ဒါပေမယ့် စကားပြောဆင်ခြင်ပါ” လို့ သတိပေးမှုလုပ်ခဲ့တာ တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *