March 28, 2024

၂၄. ၅. ၂၀၂၃
translated by Htwe Ko Tun

ကမ္ဘောဒီးယားအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေရန်အတွက် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်သန်းကျော် လွှဲပြောင်းကူညီရန်ဆုံးဖြတ်ခဲ့ကြောင်း မေလ ၂၄ ရက်သတင်းများအရ သိရသည်။

ဆေးထိုးပြွန် တစ်သန်းအပါအဝင် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် မေလ ၂၆ ရက်တွင် ပေးပို့သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန် မစ္စစ် ယုတ်ဆမ်ဘတ်က ပြောခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ၏ အဖွဲ့ဝင်ဆယ်နိုင်ငံတွင် ကိုဗစ်-၁၉ ဗိုင်းရပ်ကူးစက်ပျံ့နှံမှု၌ မြန်မာနိုင်ငံက သတ္တမမြောက်အမြင့်ဆုံးနိုင်ငံနေရာတွင် ရှိသည်။ ကမ္ဘောဒီးယားအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဒေသအတွင်း မြန်မာနိုင်ငံအပြင် လာအို၊ ဗီယက်နမ်နှင့် တီမောလက်စ်တီနိုင်ငံများသို့လည်း ကူညီပေးပို့ခဲ့ကြောင်း သိရသည်။

ကိုဗစ်ရောဂါကပ်ဆိုးကြီးစတင်ဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်တိုက်ဖျက်ရေးအတွက် ကမ္ဘောဒီးယားအစိုးရက မြန်မာနိုင်ငံသို့ အကူအညီပေးခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် တတိယအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

Ref——Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News