MT news

Written by Nay Moe

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပမည့် အောက်တိုဘာ ၁၅ ရက်တွင် SAC ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားမည့် Video Message မိန့်ခွန်းအား အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့်ပြောကြားမည့် မိန့်ခွန်းအပြည့်အစုံအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MRTV NRC ၊ မြဝတီရုပ်မြင်သံကြား MWD HD ၊ MWD Variety ၊ MWD Education, Knowledge and Sports ၊ MRTV Website မြန်မာ့အသံရေဒီယို၊ ရွှေ FM ၊ ပတ္တမြား FM ၊ ချယ်ရီ FM ၊ FM ပုဂံ၊ မန္တလေး FM ၊ ပဉ္စ၀တီ FM နှင့် သဇင် FM တို့တွင် အခမ်းအနားကျင်းပချိန် နံနက် ၉ နာရီ၌ တစ်ပြိုင်တည်း ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News