April 29, 2024

၁. ၅. ၂၀၂၃

Written by Nay Moe

ထွေအုပ်ယာဥ်မောင်းတစ်ဦးအား ပျုစောထီးဟုဆိုကာ DDT PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ် သ-တ်ဖြတ်မှု လောင်းလုံးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်​၊ လောင်းလုံးမြိုနယ်၊သဗျာ​ကျေးရွာအုပ်စု၊ ပဥ္စသီ​မော်​ကျေးရွာဘုန်းကြီး​ကျောင်းဝင်းအတွင်း၌ လောင်းလုံးမြို့တွင် နေထိုင်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ယာဥ်မောင်းဟုဆိုသူ ဦး​အောင်​ဇေမင်း (ခ) ကိုမင်းဝါအား Dawei Defense Team PDF အဖွဲ့(DDT တပ်ခွဲ (၃) ထားဝယ် ပကဖ) က သေနတ်ဖြင့်ပစ်ခတ်သဖြင့်​ သေဆုံး​ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကိုမင်းဝါနှင့်​ အမျိုးတော်စပ်သူ ကိုမင်းသန့်​ဇော်တို့နှစ်ဦးသည် ဟိုက်ဂျက်​မော်​တော်ယာဥ်ဖြင့်​ ပဥ္စသီ​မော်​ကျေးရွာ မင်္ဂလာဆွမ်း​​ကျွေးသွားရောက်ပြီး ပင့်သံဃာ​တော်များအား ပဥ္စသီ​မော်ဘုန်းကြီး​ကျောင်းသို့ ၎င်း၏​မော်​တော်ယာဥ်ဖြင့် ပြန်ပို့စဥ်​ ကျောင်းဝင်းအတွင်း အသင့်စောင့်နေသည့် DDT PDF များက စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် ကိုမင်းဝါတွင် ဝဲနံကြားကျည်​ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနံကြားကျည်​​ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်​နေရာတွင်​ သေဆုံးခဲ့သည်ဟု သိရသည်။

“ကိုမင်းဝါက ရဲစခန်းလည်း အဝင်အထွက်ရှိတယ်။ ရဲတွေကိုလည်း သွားချင်တဲ့နေရာ လိုက်ပို့ပေးတယ်ဆိုတော့ PDF တွေက သူ့ကို ပျုလို့သတ်မှတ်ထားတာ။ မနှစ်ကလည်း သူ့ကို ချောင်းပစ်သေးတယ်။ အဲဒီတုန်းက လက်မောင်းထိတာပေါ့။ အခုကြတော့ သတင်းပေးရှိလို့ အပိုင်စောင့်ပြီး ညှပ် အပစ်ခံရတော့ နေရာတင် ပွဲချင်းပြီးဆုံးသွားတာ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဥ်အပြီး စုံစမ်းစစ်ဆေးမှုများအရ ပဥ္စသီမော်ဘုန်းကြီးကျောင်းတွင် နေထိုင်သူအချို့ကို ဆက်လက်စုံစမ်းရန် လူဝတ်လဲထိန်းသိမ်းမှုရှိခဲ့ပြီး ထိုဖြစ်စဥ်အပေါ် DDT PDF အဖွဲ့က ကိုမင်းဝါကို ၎င်းတို့အဖွဲ့သ-တ်ဖြတ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်လေးပါးဖမ်းဆီးသွားကြောင်း၊ ထိုလုပ်ရပ်မှာ DDT PDF အဖွဲ့နှင့်သာဆိုင်ပြီး အခြားသူများနှင့် မဆိုင်ကြောင်း စသည်ဖြင့် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *