April 29, 2024

(Photo- Yangon Aerodrome)

MT News

Xiamen Airlines ၏ ရှာ့မန် – ရန်ကုန် တိုက်ရိုက် လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုကို ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပြေးဆွဲခဲ့ပြီဖြစ်ကြောင်း ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲနေသည့် Yangon Aerodrome ကုမ္ပဏီ၏ ထုတ်ပြန်မှုအရ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် ၁၅၂ ဦးဖြင့် ပျံသန်းဆိုက်ရောက်လာသော Xiamen Airlines ၏ လေယာဉ်အမှတ် – MF8669/70 အား ကြိုဆိုခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်များအား အမှတ်တရလက်ဆောင် Key Chain များ ပေးအပ်ခဲ့သည်။

Xiamen Airlines မှ ရန်ကုန်မြို့နှင့် ရှာ့မန်မြို့အကြား အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် ၃ ကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။

ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ရန်ကုန်နှင့် ရှာ့မန့်အကြား ပြေးဆွဲမှုရပ်ဆိုင်းခဲ့ပြီး သုံးနှစ်ကျော်အကြာ ပြန်လည်ပြေးဆွဲသည့် ယခုခရီးစဥ်သည် စီးပွားရေးလုပ်ငန်းစဥ်များနှင့် ခရီးသွားများအပြန်အလှန်ကူးလူးသွားလာစေရန်လည်း ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၂၃၃၄၈၇ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံသားအများဆုံးဝင်ရောက်ခဲ့ကြောင်းလည်း Xinhua တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News