၂၇. ၄. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ တာ့ချ်ခရိုင် Phop Phra ဒေသတွင် နေထိုင်နေသော မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးသည် ဧပြီ ၂၆ရက်နေ့က မိုးသက်မုန်တိုင်းကျရောက်မည်ကို ရှောင်ရှားရန်အတွက် ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးချိန်တွင် လမ်း၌ မိုးကြိုးပစ်ခံရကာသေဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ Phop Phra ဒေသ Ban Huai Phai ရွာအစွန်တောအုပ်နားတွင် မိုးကြိုးပစ်ခံရမှုကြောင့် လူသေဆုံးမှုများရှိသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားများဖြစ်သောအသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ကို တွေ့ရှိခဲ့ကြောင်း Khiri Rat စစ်ဆေးရေးဂိတ်ရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါသေဆုံးသူ မြန်မာနိုင်ငံသားနှစ်ဦးသည် လယ်ယာ သုံးအဝတ်စားများ ဝင်ဆင်ထားကြောင်း၊ မြန်မာအမျိုးသားကို ဆိုင်ကယ်ပေါ် သေဆုံးလျက်တွေ့ရှိခဲ့ပြီး ညီမဖြစ်သူကို ဆိုင်ကယ်တိမ်းမှောက်နေသောနေရာမှ ၄ ပေခန့် အကွာရှိနေရာတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ကနဦးစုံစမ်းမှုများအရ အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာအမျိုးသားသည် Mr. Asing ဆိုသူဖြစ်ပြီး ညီမဖြစ်သူက Ma Muay ဆိုသူဖြစ်ကြောင်း၊ ၎င်းတို့သည် မိုးရွာခါနီးအချိန်တွင် တောထဲ အသီးအနှံအရွက်များရှာဖွေရန် ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ လေပြင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းမှုများ ပိုမိုဖြစ်ပွားချိန်တွင် မြန်မာမောင်နှမနှစ်ဦးသည် တောထဲမှ အိမ်ကို ဆိုင်ကယ်ဖြင့် အမြန်ပြန်ရန် ကြိုးပမ်းခဲ့ပြီး လမ်းတွင်မိုးကြိုးပစ်ခံရကာ ဆိုင်ကယ်တိမ်းမှောက်မှုများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသား မောင်နှစ်မနှစ်ဦးသည် မိုးကြိုးပစ်ခံရခြင်းကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Ref —- thailand.postsen.

Leave a Reply

Your email address will not be published. Required fields are marked *