၂၇. ၄. ၂၀၂၃
Written By Thandar

လက်ရှိပြသနေတဲ့ အိမ်ထောင်ဇာတ်ကားမှာ လင်းညို ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုများစွာရရှိနေတဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်ဟာ သူ့မွေးနေ့မှာ ကုသိုလ်တွေပြုရင်းဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ မွေးနေ့အလှူကို မနေ့က ဧပြီ ၂၆ ရက်မှာ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်း ကျုးမိသားစုတွေကို အာဟာရဒါန ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်ရဲ့ မွေးနေ့မှာ အမှန်တကယ်လိုအပ်တဲ့နေရာလေးတွေမှာ လှူဒါန်းဖြစ်ပါတယ်။ ကျွန်တော့်မွေးနေ့မှာ ကုသိုလ်တွေပြုရင်း ဖြတ်သန်းရတာကို ပိုသဘောကျပါတယ်။ ဒီအလှူလေးမှာ လူအယောက် ၄၀၀ စာအတွက် ကုသိုလ်ပြုထမင်းကျွေးခဲ့တာပါ”လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ပြောပါတယ်။

မွေးနေ့အလှူအဖြစ် တောင်ဥက္ကလာပမြို့နယ် မြင်သာစျေးအနီး ကမ်းနားမှာရှိတဲ့ ကျူးကျော်မိသားစုတွေဆီကို သွားရောက်လှူဒါန်းခဲ့တာပါ။ အဲဒီအလှူမှာ ညီထွဋ်ခေါင်က ထမင်းကို ကြက်သားကုလားပဲဟင်း၊ ငရုတ်သီးဆားထောင်း၊ အအေးတို့နဲ့ လူ ၄၀၀ ကို သူကိုယ်တိုင် သွားရောက်ပြီး ဝေငှကျွေးမွေးလှူဒါန်းခဲ့တာပါ။

ညီထွဋ်ခေါင်ဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကွယ်လွန်ခဲ့တဲ့ ချစ်သူမေအတွက် လစဥ်နီးပါး ရည်စူးအလှူတွေမှာလည်း အခုလို အလှူဒါနတွေ မကြာခဏပြုလုပ်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ ညီထွဋ်ခေါင် ပါဝင်သရုပ်ဆောင်ထားတဲ့ “အိမ်ထောင်” ဇာတ်လမ်းတွဲကိုလည်း မဟာမိုဘိုင်းအပလီကေးရှင်းမှာ ပြသနေလျှက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *