March 28, 2024

၂၇. ၄. ၂၀၂၃
Written by Hey Mar

ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ ဧပြီလ(၂၆)ရက်နေ့၊ ည ၈ နာရီ အချိန် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ အတည်ပြု လူနာ ၆၈ ဦး တွေ့ရှိကြောင်းသိရသည်။

ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၃၆၀) ခုအား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၈) ဦး တွေ့ရှိခဲ့ခြင်းဖြစ် ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈၁) ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

သို့ဖြစ်၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၃၂၄,၈၄၆) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၄,၅၃၉) ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၆) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၁၄,၇၂၂) ဦး ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက်အတွင်း ဆေးစစ်များတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၉၀) ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေငြာထားသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID -19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၅-၄-၂၀၂၃) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၉၉၉,၄၀၀) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၈၄၉,၀၅၅) ဦးတိုအား ထိုးနှံထားရှိပြီး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News