April 29, 2024

◾️NUG ရန်ပုံငွေအတွက် မိုးကုတ်ကျောက်လုပ်ကွက်များ ဒေါ်လာသန်းချီစျေးဖြင့် ရောင်းချမှု ဝယ်သူမရှိ

၂၇. ၄. ၂၀၂၃
Written by Nay Moe

၂၀၂၃ ဇန်နဝါရီ ၁ ရက်မှ ယနေ့အထိ PDF တပ်ပေါင်းစုက လေးလအတွင်း တိုက်ခိုက်မှု ၇၀ ဖော်ဆောင်ခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန(MOD) က ထုတ်ပြန်သော်လည်း ထိုတိုက်ပွဲများ မည်မျှ အောင်မြင်မှုရ မရကို မဖော်ပြဘဲ ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

၂၀၂၃ ဇန်နဝါရီ ၁ ရက်မှစပြီး ယနေ့အထိ PDF များပါဝင်သည့် တပ်ပေါင်းစုများက ရန်သူ့စခန်းသိမ်း တိုက်ပွဲ ၄၄ ပွဲ၊ လေတပ်စခန်း တိုက်ခိုက်မှု ၆ ခု၊ လက်နက်စက်ရုံများ တိုက်ခိုက်မှု ၉ ခု၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု ၁၁ ခုအထိ ရှိခဲ့သည်ဟု NUG ၏ MOD က ဖော်ပြခဲ့သည်။

ထို့အတူ NUG ၏ ရန်ပုံငွေရှာဖွေမှုအစီအစဥ်တွင်လည်း EOD Programs များနှင့် မိုးကုတ်ကျောက်လုပ်ကွက်များ ရောင်းချရာတွင်လည်း မိုးကုတ်ကျောက်လုပ်ကွက်များမှာ ဝယ်ယူသူမရှိသဖြင့် စာရင်းဖော်ပြနိုင်မှုမရှိခဲ့ကြောင်း သိရသည်။

NUG သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် မိုးကုတ်ရတနာမြေမှ ကျောက်မျက်လုပ်ကွက် ၄၅ ကွက်ကို တစ်ကွက်လျှင် ဒေါ်လာ ၂ သိန်းကျော်မှ ၂၈ သိန်းကျော်ဖြင့် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိသလောက် နည်းပါးခဲ့ကြောင်းလည်း သိရသည်။

NUG ၏ ရန်ပုံငွေရှာ အလှူခံမှုများမှာ အဂတိလိုက်စားမှုများနှင့် အလွဲသုံးစားမှုများကြောင့် ဝေဖန်ခံနေရပြီး လှူသူနည်းပါးလာသဖြင့် နှစ်နှစ်အတွင်း ဒေါ်လာသန်း ၁၀၀ ကျော်သာ ရရှိထားသည်။ အဆိုပါ ပမာဏမှာ ဘဏ္ဍာနှစ်တစ်နှစ်လျှင် ဒေါ်လာနှစ်ဘီလျံခန့်အသုံးပြုနေသည့် တပ်မတော်၏ ပုံမှန်စစ်ရေးအသုံးစရိတ်နှင့် နှိုင်းချိန်ပါက အဆမတန်ကွာဟနေသည်ကိုလည်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News