၂၇. ၄. ၂၀၂၃
Written by Nay Aung

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၎င်းတို့လှူဒါန်းထားသော သင်္ဘောများကို တလွဲအသုံးပြုမှုများအတွက် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ပြီး နစကအနေဖြင့် ဂျပန်နိုင်ငံက လှူဒါန်းထားသော သင်္ဘောများကို တလွဲအသုံးပြုနေခြင်းများကို တားဆီးရန် လုပ်ဆောင်စေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် အိုနို ဟီကာရီကိုက မြန်မာနိုင်ငံကို လှူဒါန်းထားသော သင်္ဘောများကို တလွဲအသုံးပြုခြင်းများအတွက် နောင်တရမိကြောင်း၊ ညဂျပန်အစိုးရအနေဖြင့် အဆိုပါအဖြစ်အပျက်များ ထပ်မံမဖြစ်စေရန်၊ ဂျပန်နိုင်ငံ၏အကူအညီများကို မှန်ကန်စွာအသုံးချနိုင်ရန်၊ လက်တွေ့အသုံးပြုရမည့်ကိစ္စများကို နားလည်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏ ကူညီလှူဒါန်းမှု အစိတ်အပိုင်းအဖြစ်ပါဝင်သော သင်္ဘောများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ဂျပန်အစိုးရက အတည်ပြုပြောဆိုခဲ့သည်။ ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်ရည်ရွယ်ချက်ဖြင့် ဂျပန်အစိုးရသည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သင်္ဘောသုံးစင်းလှူဒါန်းခဲ့ဖူးကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါ ကူညီထောက်ပံ့ပေးမှုများကို ဂျပန်အစိုးရ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့ရေးအစီအစဉ်အရ ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရကပြောသည်။ ဒေသခံများသည် အဆိုပါသင်္ဘောများကို သွားလာရေးနှင့် အခြား ရည်ရွယ်များအတွက် အသုံးပြုခဲ့ဖူးကြောင်း သိရသည်။ သို့သော်လည်း ပြီးခဲ့သောနှစ်တွင် ဂျပန်နိုင်ငံက လှူဒါန်းထားသော သင်္ဘောများကို စစ်ရေးရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းများ ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက လှူဒါန်းထားသော သင်္ဘောများထဲမှနှစ်စင်းကို လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကဲ့သို့သော သက်ဆိုင်မှုမရှိသော လုပ်ငန်းများအတွက် အသုံးပြုခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Ref —- NHK

Leave a Reply

Your email address will not be published. Required fields are marked *