၂၇. ၄. ၂၀၂၃
Written By Thandar

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးသံရှင် ရတနာမိုင်က ဒီနေ့ ဧပြီ ၂၇ ရက်မှာ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ နေ့ဆွမ်းဆက်ကပ်ခြင်းနဲ့ အလှူငွေ လှူဒါန်းမှု ကုသိုလ်ပြုခဲ့ပါတယ်။

ကွယ်လွန်သူဖခင်ဖြစ်တဲ့ ရွှေပန်းတိမ်ဆရာ ဦးမောင်ရင်ကို ရည်စူးပြီး မိခင်ဖြစ်တဲ့ ဇနီးဖြစ်သူအဆိုတော်မိုင်နဲ့ သမီးဖြစ်သူ ရတနာမိုင်တို့ ကျန်ရစ်သူမိသားစုက နေ့ဆွမ်းဆက်ကပ်ခဲ့သလို အလိုတော်ပြည့်ကျောင်းတိုက်မှာရှိတဲ့ သက်တမ်း ၂၆ နှစ်ကျော်ရှိတဲ့ ရတနာသုခကျောင်းဆောင်ဟာ သဘာဝလေပြင်းတိုက်ခတ်မူကြောင့် မြန်မာမှု၊ သွပ်ပန်းတွေ ၊ နုတ်ပန်းအလှုကွက်တွေ ပန်းတော့လက်ရာမွန်တွေ ဗိသုကာလက်ရာတွေ ပျက်စီးခဲ့တာကို ပြန်လည်မွန်းမံဖို့ ကျပ် ၅ သိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ကတော့ ရတနာမိုင်တို့ရဲ့ မိသားစု ဦးဇင်းတို့ ကျောင်းမှာ ဖခင်ကွယ်လွန်သွားတာတော့ ၁ နှစ်ကျော် ရှိတာကို အခုထပ်လှူတာပါ။ သူ့အဖေအတွက် ရည်စူးပြီး နေ့ဆွမ်း ဘုန်းဘုန်းတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ ဦးဇင်း သီတင်းသုံးနေတဲ့ ရတနာသုခကျောင်းဆောင်အတွက် ကနုတ်ပန်းပြသာဒ်တွေ ပြုပြင်ဖို့အတွက် လိုအပ်နေတဲ့ နေရာကို လှူဒါန်းတာပါ။ ရတနာမိုင်က သူ့ရဲ့ အနုပညာကြေးနဲ့ တတ်နိုင်သလောက် အလှူ‌ငွေ ကပ်လှူခဲ့တာပါ” လို့ အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော် ဦးဇင်းကုမာရ်က MT News ကို မိန့်ကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *