၂၀၂၄ ခုနှစ် အမေရိကန်သမ္မတလောင်းရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုတစ်ရပ်ကို တက္ကဆက်ပြည်နယ်၊ ဝါကိုမြို့တွင် မတ်လ ၂၅ ရက်က ကျင်းပခဲ့ရာ ဒေါ်နယ်ထရန့် မဲဆွယ်တရားဟောနေစဥ်

၁. ၄. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်း ဒေါ်နယ်ထရန့်က အစိုးရ၏ ကွဲပြားခြားနားသော အဆင့်သုံးဆင့်မှ မတူညီသောရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှု လေးခုနှင့်ရင်ဆိုင်နေရကာ မန်ဟတ်တန်တရားသူကြီးအဖွဲ့၏ တရားစွဲဆိုမှုကို ခံနေရသော်လည်း၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင်မူ ပါဝင်ယှဥ်ပြိုင်သွားလိမ့်မည်ဟု သိရသည်။

လော့စ်အိန်ဂျယ်မြို့ရှိ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ ရစ်ချတ်ဟာဆန်က “တရားစွဲခံထားရပေမယ့် ထရန့်ရဲ့ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မှုကိုတော့ တားဆီးလို့ရမှာမဟုတ်ပါဘူး”ဟု ပြောခဲ့သည်။

အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်းတစ်ဦးက အောက်ပါအချက်သုံးချက်နှင့် ပြည့်စုံရန်လိုပေသည်။ ၎င်းတို့မှာ “၁။အမေရိကန်နိုင်ငံတွင်မွေးဖွားသောနိုင်ငံသားဖြစ်ရမည်။ ၂။အနည်းဆုံး အသက် ၃၅ နှစ်ရှိရမည်။ ၃။အမေရိကန်မြေတွင် အနည်းဆုံး ၁၄ နှစ်နေထိုင်ပြီးသူဖြစ်ရမည်။” တို့ဖြစ်သည်။

နိုင်ငံရေးဆိုင်ရာအကြောင်းအရ တရားစွဲဆိုခြင်းခံနေရသူတစ်ဦးအနေနှင့် မဲများရရှိရန်ခဲယဥ်းသည်ဟုဆိုရပေမည်။ တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းက ၎င်းအဖို့ ရွေးကောက်ပွဲ အကြိုကာလတွင် ရည်မှန်းထားသကဲ့သို့ ဆောင်ရွက်ရန်မလွယ်ကူသောကြောင့် ဖြစ်သည်။ သို့ရာတွင် တရားစွဲဆိုခံထားရသောကာလ၌ ဥပဒေအရ ရွေးကောက်ပွဲ မယှဥ်ပြိုင်နိုင်ဟု တားမြစ်ထားခြင်းမရှိသောကြောင့် ထရန့်အနေဖြင့် လာမည့် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတလောင်းရွေးပွဲတွင် ဆက်လက်ယှဥ်ပြိုင်သွားမည်ဟု သိရသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News