MT News

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်ကျဆင်းလျက်ရှိသော်လည်း ငါးရက်အတွင်း ပြည်တွင်းရွှေဈေး ကျပ်တစ်သောင်းကျော် မြင့်တက်ကာ မတ်လ ၃၁ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၄၂,၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ (YGEA) သတ်မှတ်ရည်ညွှန်းရွှေဈေး ကျပ်၂,၃၂၆,၈၀၀ သတ်မှတ်ထား‌ပြီး ပြင်ပရွှေအရောင်းအဝယ်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၄၂,၀၀၀ ကျပ်ရှိကာ ပြီးခဲ့သည့် မတ်လ ၂၇ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့်နှိုင်းယှဥ်ပါက ကျပ် ၁၂,၀၀၀ မြင့်တက်ခဲ့သည်။

အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၈ သိန်းခွဲဝန်းကျင်သာရှိခဲ့သည့် ပြည်တွင်းရွှေ‌ဈေးနှုန်းသည် မတ်လ ၂၀ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၂၀၀၀ အထက်သို့ ရောက်ရှိခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ ကျပ်သိန်း ၃၀ ခန့်အထိ ဖြစ်ပေါ်ခဲ့သည်။

မတ်လ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရွှေဈေးကစားသူများကို အရေးယူမည်ဟု ထုတ်ပြန်ကြေညာအပြီး ပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်ပြန်ကျခဲ့သော်လည်း ကျပ် ၂၉ သိန်းအထက်၌ပင်ရှိနေခဲ့ကာ ယနေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၉၇၅ ဒေါ်လာသာရှိသော်လည်း ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ မတ်လ ၂၇ ရက်တွင် ရွှေဈေးနှုန်း ၂,၉၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၇၀ ကျပ်၊ မတ်လ ၂၈ ရက်တွင် ရွှေဈေးနှုန်း ၂,၉၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၅၊ မတ်လ ၂၉ ရက်တွင် ရွှေဈေးနှုန်း ၂,၉၁၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၃ ကျပ်၊ မတ်လ ၃၀ ရက်တွင် ရွှေဈေးနှုန်း ၂,၉၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၂,၈၆၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *