၁. ၄. ၂၀၂၃
Written by Peya

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းဂိတ်အနီးတွင် လက်လုပ်ဗုံးပေါက်ကွဲသည့်အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တွင် ဗုံးစထိမှန်ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အမှတ် (၃) လမ်းမကြီးဘေးရှိ အောင်မင်္ဂလာအဝေးပြေးဝင်း ဂိတ် (၂) အနီးတွင် ဧပြီလ ၁ ရက် နံနက် ၉ နာရီ အချိန်က လက်လုပ်ဗုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒီအနားက ကားရှုပ်တယ်လေ။ စည်ပင်ရဲ ငါးယောက်က ယာဉ်ရှင်းနေတုန်း PDF က ထောင်ထားတဲ့ လက်လုပ်ဗုံး ပေါက်တာ။ ရဲတစ်ယောက်က ခြေထောက်ထဲ ဗုံးစ ဝင်သွားတယ်။ မစိုးရိမ်ရပါဘူး။ အခု ခွဲတဲ့သူတွေကို ဖမ်းမိဖို့ လုပ်နေတယ်” ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မကြာမီ ကာလတွင် မဟာသင်္ကြန်ပိတ်ရက် ရောက်တော့မည်ဖြစ်ရာ အောင်မင်္ဂလာအဝေးပြေးကားဝန်းတွင် မွေးရပ်မြေသို့ ပြန်ကြမည့်သူများ၊ အလည်အပတ် ထွက်ကြမည့်သူများဖြင့် စည်ကားတော့မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *