MT News

Written by Hey Mar

သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဝိုင်ဖိုင်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးမှု ဖြစ်စဥ်တစ်ခု မတ်လ ၃၁ ရက်နေ့ နံနက် ၁၀နာရီ ၃၀ ဝန်းကျင်ခန့်က လှိုင်သာယာမြို့နယ် အောင်ဇေယျအိမ်ရာဝန်းအတွင်းဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာအခြေစိုက် ပရဟိတအသင်းတစ်သင်းမှ သိရသည်။

သေဆုံးသူ၏ အနီးအနားတွင် ၊ မှတ်ပုံတင်တစ်ခု ၊ ပုဂ္ဂလိကလုံခြုံရေးယူနီဖောင်း တစ်ထည်နှင့် ဦးထုပ်တစ်လုံး ၊ မီးခြစ်တစ်လုံးနှင့် သောက်ဆေးကတ်တစ်ကတ်ကို တွေ့ရှိရကြောင်း အဆိုပါ လူမှုရေးအသင်းတာဝန်ရှိသူမှ MT News သို့ပြောသည်။

“သူ့မှတ်ပုံတင်လေးတွေ့လို့ အမည်ဘယ်သူ၊ ဘယ်မှာနေတယ် ။ ဒါတော့သိရှိရပြီး မိသားစုရှာဖွေတာ လုပ်နေတယ်။ ဆွဲကြိုး ချတဲ့ ကြိုးက Wifi ကြိုးနဲ့ပါ။ ကျွန်တော်တို့ကို သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းတွေ လုပ်ပြီးမှ လှမ်းခေါ်လို့ သွားသယ်ရတာ။ ကျွန်တော်တို့ရောက်တော့ အလောင်းက ဖြုတ်ချပြီးနေပြီ”ဟု လှိုင်သာယာအခြေစိုက်ပရဟိတအသင်းမှတာဝန်ရှိသူက ပြောသည်။

သေဆုံးသွားသောရုပ်အလောင်းကို လှိုင်သာယာဆေးရုံ (ရင်ခွဲရုံ)သို့ ပရဟိတအသင်း သူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News