MT News

Translated by Htwe Ko Tun

အမေရိကန်အပါအဝင် အနောက်အုပ်စုအနေဖြင့် အားကောင်းသောလက်နက်များကို ယူကရိန်းသို့ ပေးပို့နေကြကာ ရုရှားနိုင်ငံအပေါ်ရန်လိုမုန်းတီးမှုကို ဆက်လက်ပြုလုပ်နေကြမှုမှာ တတိယကမ္ဘာစစ်ကြီးဆီသို့ ပို့ပေးသကဲ့သို့ဖြစ်နေကြောင်း ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် ဗစ်တာအော်ဘန်က မတ်လ ၃၁ ရက်တွင်ပြောကြားခဲ့သည်။

ဗစ်တာအော်ဘန်က သူ့အနေဖြင့် ချဲ့ကားပြောနေခြင်းမဟုတ်ဘဲ တတိယကမ္ဘာစစ်ကြီးက အတော်ပင် ဖြစ်နိုင်ခြေရှိနေကြောင်းလည်း ဆက်လက်ပြောခဲ့သည်။

၎င်း၏ပြောကြားချက်များတွင် အနောက်အုပ်စုအနေဖြင့် အားကောင်းသောလက်နက်များ ယူကရိန်းသို့ ဆက်လက်ပေးပို့ကာ ရုရှားအပေါ်ရန်လိုမုန်းတီးမှုကို ဆက်လက်ဖော်ဆောင်နေကြောင်း အထူးအလေးပေးဖော်ပြသွားသည်ကိုတွေ့ရသည်။

၎င်းက ဆက်လက်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များကဲ့သို့ တပ်များကိုစေလွှတ်ပေးရန် စဥ်းစားလျက်ရှိကြကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

Ref–Tass.com

Leave a Reply

Your email address will not be published. Required fields are marked *

Related News