MT News

Written By Thandar

ပရိသတ်အချစ်တော် မင်းသမီး မိုးဟေကိုဟာ စမတောင် နဂါးရုံဘုရားကြီးမှာ ကျပ်သိန်း ၁၀၀ အုတ်မြစ်ချအလှူကို မတ်လ ၃၁ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သူမက အဆိုပါ နေပြည်တော် လယ်ဝေးမြို့နယ်က သာဝတ္ထိကျေးရွာအုပ်စု၊ စမတောင်ရှိ နဂါးရုံဘုရားကြီးမှာ အုတ်မြစ်ချအလှူ အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“မိုးနဲ့အတူ နဂါးရုံဘုရားအလှူ အုတ်မြစ်ချ အလှူအတွက် ငွေသိန်း ၁၀၀ ကို လှူဒါန်းခဲ့တာပါ။ မြန်မာ့နှစ်ကူးသင်္ကြန်မတိုင်ခင် ကျေနပ်ပီတိလည်းဖြစ်ရတဲ့ နေ့လေးပါ။ နတ်၊ လူ သာဓုခေါ်စေသော်”လို့ သူမက ပရိသတ်တွေကို အသိပေး ပြောလာပါတယ်။

သရုပ်ဆောင် မိုးဟေကို ၊ သရုပ်ဆောင် ယွန်း‌ရွှေရည် နဲ့ ဓမ္မမိတ်ဆွေ သူငယ်ချင်းတွေက မကြာခင် ရက်ပိုင်းကလည်း မဟာမြိုင် သဲဖြူတောရ ဆရာတော်ဘုရားကို သွားရောက်ဖူးမျှော်ခဲ့သလို မယ်တော်နဲ့ ပန်ထွာဘုရင်မကြီး နန်းဆောင်သစ် အပ်ပွဲကိုလည်း သွားရောက်ဖူးမျှော်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *