MT News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ရှိသတ်မှတ်ထားသော တစ်ဒေါ်လာလျှင် ရည်ညွှန်းငွေလဲနှုန်း ကျပ် ၂၁၀၀ အား တိုးမြှင့်သတ်မှတ်ရန် လုံးဝမရှိbကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက  မတ်လ ၃၁ ရက်တွင် ယတိပြတ် ငြင်းဆိုလိုက်သည်။

ထို့ပြင် အချို့သော Facebook Page များတွင် အမေရိကန်ဘဏ်အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ငွေကြေးအဝင် အထွက်များကို လက်မခံတော့ကြောင်း ကောလာဟလများနှင့်ပတ်သက်ပြီး လက်တွေ့မူ ပုံမှန်လည်ပတ်ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း မတ်လ ၃၁ ရက်တွင် ပြောကြားသည်။

“မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေပြီး တစ်ဒေါ်လာကို ၂၁၀၀ စျေး သတ်မှတ်ထားပါတယ်။ ၂၁၀၀ စျေးနှုန်းသတ်မှတ်ထားမှုနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့မရှိသေး​ကြောင်း ပြောကြားလိုပါတယ်။ ပြင်ဆင်ပြောင်းလဲဖို့ အစီအစဥ်မရှိသေးပါဘူး ခင်ဗျ။ နောက်တစ်ချက်က တချို့သောနိုင်ငံခြားဘဏ်များနဲ့ပတ်သက်ပြီး အရင်အပတ်လောက်ကတည်းက ကောလာဟလထွက်နေတာရှိပါတယ်။ တချို့သော နိုင်ငံခြားဘဏ်တွေပေါ့။ မြန်မာနိုင်ငံက ငွေအဝင်အထွက်တွေ လက်မခံတော့ဘူးပြောနေတာရှိပါတယ်။ လက်တွေ့မှာတော့ ပုံမှန်လည်ပတ်ဆောင်ရွက်နေလျက်ရှိပါတယ်။ ပုံမှန်လည်ပတ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ငွေကြေးစနစ်နဲ့ပတ်သက်ပြီး ဒါဦးတည်ပြီးတိုက်ခိုက်နေတာများပါတယ်။ အရင်တုန်းကလည်း ဘဏ်လုပ်ငန်းစနစ်ပြိုကွဲအောင်တိုက်ခိုက်တာတွေရှိတယ်။ ပြီးရင် ငွေရေးကြေးရေးစနစ်ကို တိုက်ခိုက်ခဲ့တာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောလိုတာက ပြည်သူလူထုအနေနဲ့ ဒီလိုကောလာဟလတွေကို မယုံကြဖို့၊ ဗဟိုဘဏ်ငွေရေးကြေးရေးအဖွဲ့အစည်းတွေကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် ဒေါ်လာစျေးနှုန်းမြင့်တက်မည်ဟု ကောလာဟလမျိုးစုံထွက်ပေါ်နေသော်လည်း တစ်​ဒေါ်လာ ကျပ် ၂၈၆၀ ပတ်လည်တွင် တည်ငြိမ်နေသည်မှာ သုံးလနှင့်အထက်ရှိနေပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *