ယမန်နေ့ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင်လည်း မန္တလေးရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ အပန်းဖြေလာကြသည့် ရဟန်းရှင်လူပြည်သူများ အလွန်များပြားလျှက်ရှိခဲ့သည်။

” ကပ်ရောဂါကာလအတွင်း ဥယျာဉ်လည်းပိတ်ထားရပြီး ပြန်ဖွင့်ထားတာလည်း တစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်။ ဒီကာလအတွင်း လူစည်တာ ဝါဆိုလပြည့်နေ့ပြီးတော့ အခု သီတင်းကျွတ်ပိတ်ရက်ကလေးပဲ ရှိသေးတယ်။ ကြားထဲမှာတော့ လူတွေတော့ မပြတ်​ပါဘူး။ ပိတ်ရက်တွေဆို လူနည်းနည်းရှိပြီး အခြားရုံးဖွင့်ရက်တွေတော့ လူပါးတာပေါ့။ မနေ့က လပြည့်နေ့ဆို ဒီထက်လူပိုများပြီး စျေးရောင်းရတာလည်း လက်ကိုမလည်ဘူး။ အခုလို အပန်းဖြေလာရောက်သူများပြားတော့ စျေးလည်းပြန်ရောင်းကောင်းလာတယ်။ ကိုဗစ်ကာလအတွင်းမှာ စားဝတ်နေရေး အလွန်ကြပ်တည်းခဲ့တော့ အခုလို လူတွေပြန်စည်လာလို့ အတိုင်းမသိဝမ်းသာမိပါတယ်။ လူဝင်မှလည်း ဥယျာဉ်ကို မှီစားနေရတဲ့ မိသားစုတွေ အဆင်ပြေကြတာပေါ့။ ယခုလိုနိုင်ငံရေး ပဋိပက္ခကြီးလည်း အမြန်ဆုံးပြီးစေချင်ပါပြီ ” ဟု ဥယျာဥ်အား မှီခိုလုပ်ကိုင်ရသူ စျေးသည်တစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *