MT News

ရိုက်ကူး/တည်းဖြတ် Hey Mar

နတ်ကြီးတယ် အစောင့်အရှောက်ကြမ်းပြီး အမှားမခံဘူးလို့ အယူအစွဲကြီးပြီး ယုံကြည်ကိုးကွယ်ကြတဲ့ သမိုင်းဝင် ဒေးစွန်ပါဘုရားက နဂါးမယ်တော်ကြီးကို ပူဇော်တဲ့ နတ်ကနားပွဲကို သီတင်းကျွတ်လပြည့်နေ့မှာ စည်ကားစွာကျင်းပ ပြုလုပ်နေခြင်းဖြစ်ပါတယ်။

သိုက်ဆက် နန်းဆက် ရှိတယ်လို့ ယုံကြည်ကြသူတွေဟာ သူတို့ရဲ့ စီးပွားလာဘ်လာဘတွေ အဆင်‌ပြေကောင်းမွန်စေဖို့ ဘုရားမှာ နတ်နန်းတည် အပူဇော်ခံနေတဲ့ သိုက်ချုပ် ဘိုးဘိုး၊ အမေရေယာဥ်၊ နဂါးမယ်တော်ကြီးထံ အုန်း ငှက်ပျောပွဲတွေနဲ့ အနယ်နယ် အရပ်ရပ်ကနေ လာရောက် ဦးတိုက်ပူဇော်ကြတာဖြစ်ပါတယ်။

ရာထူးမြဲအောင်၊ ရာထူးတိုးအောင်၊ စီးပွားတက်အောင် အခုလို လှူဒါန်းခြင်းနဲ့ ပြီးမြောက်အောင်မြင်နိုင်ကြောင်းလဲ ယုံကြည်ကြပါတယ်။

ဆံတော်ရှင် ဒေးစွန်ပါ စေတီတော်ကို သာသနာသက္ကရာဇ် ၄၉၄ ခုနှစ်မှာ အသကုမ္မာမင်းသားခေါ် နယ်ခြားမင်းက တည်ထားကိုးကွယ်ခဲ့ပြီး တောတောင်လိုဏ်ဂူတွေ စေတီတော်တွေ အများအပြားရှိတာကြောင့် တရားကျင့်ကြံတဲ့ သူတော်စင်တွေ ပျော်မွေ့ရာ အောက်မြန်မာပြည်ရဲ့ ပုပ္ပါးတောင်လို့လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *