April 30, 2024

MT News

ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းအား သုံးရက်ကြာပြုပြင်ထိန်းသိမ်းခြင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယနေ့တွင် ကြိုတင်အသိပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ထားသော ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းအား မတ်လ ၂၃ ရက် နံနက် ၈ နာရီအချိန်ခန့်မှစ၍ မတ်လ ၂၆ ရက်နေ့အထိ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု စုစုပေါင်း (225) MW ခန့် လျော့နည်းမည်ဖြစ်၍ အဆိုပါလျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများအတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်များမှ အစားထိုးဓာတ်အားထုတ်လုပ် ပို့လွှတ်သွားမည်ဖြစ်ကြောင်းနှင့် ဝန်အားထိန်းညှိရန်လိုအပ်ပါက ယာယီဝန်အား လျှော့ချရခြင်းများအပေါ် နားလည်ပေးနိုင်ပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးပန်ကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News