သတိုး
၁၇. ၁၀. ၂၀၂၆
ကျပ် ၅၀၀၀၀ တန် ငွေစက္ကူသစ်များ ထုတ်ဝေမည်ဆိုသည့်သတင်းကို ပြည်ပပြေးမီဒီယာများ ထုတ်ဝေဖြန့်ချိနေသော်လည်း ထိုသတင်းမှာ မှားယွင်းကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက အတည်ပြု ထုတ်ပြန်သည်။
“လူမှုကွန်ရက်စာမျက်နှာများနှင့် အွန်လိုင်းမီဒီယာအချို့တွင် ၅၀,၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေမည်ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထိုသတင်းမှာ သတင်းအမှားသာ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ငွေကြေးဆိုင်ရာ သတင်းအချက်အလက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တရားဝင်ဌာနများ၏ ထုတ်ပြန်ချက်များမှတစ်ဆင့် စိစစ်အတည်ပြုကြရန်နှင့် သတင်းမှားများကြောင့် မလိုလားအပ်သော စိုးရိမ်ပူပန်မှုများ မဖြစ် ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။” ဟု ဒေါက်တာခိုင်ခိုင်စိုး၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
ပြည်ပပြေးမီဒီယာများအနေဖြင့် အစိုးရ၏ ဘတ်ဂျက်လိုငွေကို အကြောင်းပြု၍ ပြည်သူများကျပ်တည်းဒုက္ခရောက်စေရန် အစိုးရက ငွေရိုက်ထုတ်မည်ဟု သတင်းမှားများထုတ်လွှင့်ကာ ဒေါ်လာစျေးဆွဲတင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ထိုလုပ်ဆောင်မှုကြောင့်ပင် ဒေါ်လာစျေးမှာ ရက်ပိုင်းအတွင်း ကျပ် ၄၀၀ ခန့် မြင့်တက်လာသည့်အပြင် အခြေပစ္စည်းများနှင့် ကုန်စျေးနှုန်းလှုပ်ခတ်မှုအချို့လည်း ဖြစ်ပေါ်လာခဲ့သည်။
